Main menu

Background

ဒေသတွင်းဖွံ့ ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေမယ့် နည်းလမ်းများကို ( CLMV ) နိုင်ငံတို့ ရှာဖွေ

Tue, 10/18/2011 - 07:33 -- Anonymous (not verified)

                    ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ( CLMV ) နိုင်ငံတို့မှ စီးပွားရေးပညာရှင်များနဲ့ ကျွမ်းကျင်သူတွေက အောက်တိုဘာ ၁၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာတွေ့ဆုံပြီး ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး အသိုက်အဝန်းဖွဲ့စည်းပြီးနောက်ပိုင်း ( CLMV )  နိုင်ငံတို့ကြုံတွေ့မဲ့ ပြဿနာတွေနဲ့ အလားအလာ တွေကို ဆွေးနွေးကြပါတယ်။ လွန်ခဲ့သောနှစ်များအတွင်း ( CLMV )  နိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အတာ်အတန်တိုးတက်ခဲ့ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ပြီး စီးပွားရေး စွမ်း ဆောင်ရည် မြင့်တက် နေဦးမှာဖြစ်ကြောင်း၊ သို့သော် ထိုနိုင်ငံများသည် ဒေသတွင်းရှိ အခြားသော နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အလွန်နိမ့်ကျ နေသေးကြောင်း ကမ္ဘောဒီးယားနိုင်ငံဘုရင့် အတိုင်ပင်ခံအဖွဲ့ဝင် မင်းသား နိုဂိုဒွန်ရှီရီဗတ်က ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။                  "ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်က ကျွန်တော်တို့ ဒေသတွင်းစီးပွားရေးပေါင်းစပ်မှုအတွက် ကြီးမားတဲ့ အဟန့် အတားဖြစ်နေပါသေးတယ်။ ဒါကြောင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းအောင်ဆောင်ရွက်ရာမှာ ( CLMV ) နိုင်ငံတွေကို ဒေသတွင်းမှာရှိတဲ့ ပိုမိုဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံတွေ အထူးသဖြင့် အာဆီယံဆွေးနွေးဘက်နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယားက ကူညီဖို့လိုအပ်ပါတယ်" လို့ သူကပြောပါတယ်။ ( CLMV ) နိုင်ငံတွေဟာ စီးပွားရေးအခြေခံအဆောက်အဦကို တည်ဆောက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနဲ့ စွမ်းဆောင်ရည် တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အကူအညီတွေ လိုနေတယ်လို့ သူကပြောပါတယ်။                    ဆွေးနွေးပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ဗန်ကောက်သုတေသနစင်တာတို့မှ စီးပွားရေးပညာရှင် တို့က ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် အာဆီယံနိုင်ငံများ အကြား ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ဆောင်မှုတို့အတွက် ပူးပေါင်း ဆောင် ရွက်ရေးကိစ္စတွေကို တင်ပြကြပါတယ်။ Source.xinhua