Main menu

Background

မလေးရှား ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အာရှနဲ့ ကုန်သွယ်မှုက အရေးပါ

Tue, 10/18/2011 - 07:35 -- Anonymous (not verified)

                 မလေးရှားနိုင်ငံက ၂၀၁၂ ခုနှစ်မှ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးကို ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း ထိရရှိဖို့ ရည်မှန်းချက်ထားပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် မလေးရှား နိုင်ငံကအာရှနဲ့ ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက် ရမယ်လို့ပါမောက္ခ ဒါတွတ်နော်မာမန်ဆာက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေချိန်မှာ အာရှ နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့က အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှားစီးပွားရေးအသင်း ဒုတိယဥက္ကဌဖြစ်သူ ပါမောက္ခက ပြောပါတယ်။ စီးပွားရေးလုပ်ငန်းလည်ပတ်ရေးမှာ ကြည့်ရမဲ့ အဓိကအကြောင်းတရားတွေ အများအပြားရှိ ကြောင်းနဲ့ ဒီအထဲမှာပြည်တွင်းစားသုံးမှုနဲ့ ကုန် သွယ်မှုလည်း ပါဝင်တယ်လို့ သူမကပြောပါတယ်။ ပြည်တွင်းစားသုံးမှုကို အလေးထား ဆောင်ရွက်ရုံ မျှမက စီးပွားရေးကို ဆောင်ရွက်ဖို့အတွက် ကုန်သွယ်မှုကလည်းလိုအပ်တယ်လို့ အသင်းရဲ့ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်စဉ် အောက်တိုဘာ ၁၀ ရက်က ပြောခဲ့တာဖြစ်ပါတယ်။ ကုန်သွယ်မှုကိုဆောင်ရွက်ရာမှာ လောလောဆယ် မရေမရာဖြစ်တဲ့ အနောက်နိုင်ငံတွေ အပေါ် အကြီးအကျယ် မှီခိုနေမဲ့အစား အာရှနိုင်ငံ တွေနဲ့ ကုန်သွယ်မှုကို ပိုမိုမြှင့်တင်သွားရင် မလေး ရှား စီးပွားရေးက ပိုမိုခိုင်မာတည်တံ့နိုင်မယ်လို့သူမက ပြောပါတယ်။                    လောလောဆယ်မှာ အမေရိကန်ပြည် ထောင်စုနဲ့ ဥရောပက မလေးရှားပြည်ပကုန်သွယ် မှုရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ မလေးရှား က အထူးသဖြင့် စားအုန်းဆီလို အရေးပါတဲ့ ကုန် ပစ္စည်းတွေကို ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေတဲ့အတွက် အာရှနဲ့ ကုန်သွယ်မှုအတွက် အကောင်းဆုံးအခွင့် အလမ်းကို ရရှိထားတဲ့နိုင်ငံဖြစ်တယ်လို့ နော်မာ က ပြောပါတယ်။ Source.berreama.com