ဝယ်လိုအားပါးတာကြောင့် ဗီယက်နမ်က ဆန်ပြည်ပတင်ပို့မှု လျာထားချက်ကိုလျှော့ချ
ဗီယက်နမ်နိုင်ငံက ယခုနှစ်အတွက် ဆန်တင်ပို့ဖို့ တန်ချိန် ၇ ဒသမ ၅ သန်းကို အစောပိုင်းကလျာထားခဲ့ရာမှ အောက်တိုဘာ ၁၉ ရက်က တန်ချိန် ၇ သန်းကျော်ကို လျှော့ချ ခန့် မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ရေနစ်မြုပ်မှုကြောင့် ဆန်ထုတ်လုပ်မှုကို မထိခိုက်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ ဆန်ဝယ်လက်များဟာ အစိုးရ ဆန်စပါးဝယ်ယူရေးစီမံချက်အရ ဈေးနှုန်းမြင့်တက်နေတဲ့ ထိုင်းနိုင်ငံရဲ့ ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှု အခြေအနေအရ အဝယ်နှေးထားသလို၊ အချို့ ဝယ်လက်တွေကလည်း ဈေးသက်သာတဲ့ အိန္ဒိယနဲ့ပါကစ္စတန် ကို ဝယ်ယူနေတဲ့အတွက် လွန်ခဲ့တဲ့သီတင်းပတ်များအတွင်း ရောင်းချမှုနည်းတဲ့အခြေအနေအရ အဲဒီလျာထားချက်ကိုလျှော့ချခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း သဘာဝဘေးဒဏ်များဖြစ်ပေါ်ခဲ့ ပေမဲ့ ဆန်တင်ပို့မှုကတော့ ပထမအကြိမ်အနေနဲ့ တန်ချိန် ၇ သန်းကျော်မယ်လို့ စိုက်ပျိုးရေးဒုတိယဝန်ကြီး Bui Ba Bang က ဟိုချီမင်းမြို့မှာ ကျင်းပတဲ့ ဆန်ညီလာခံမှာ ပြောကြားပါတယ်။ ယခုလအစပိုင်းမှာ စိုက်ပျိုးရေးဝန်ကြီးဌာနက ဆန်တန်ချိန် ၇ ဒသမ ၅ သန်းအထိ တင်ပိ့ု့ဖို့ လျာထား ခဲ့ပါတယ်။ ရေမျက်နှာပြင်ဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးဖြစ်လာလို့ မဲခေါင်ဒေသရဲ့ စပါးခင်း ဟက်တာ ၂၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး၊ အခြားသီးနှံတွေစိုက်ပျိုးတဲ့ ဟက်တာ ၇၀၀၀လည်း ပျက်စီးခဲ့တယ်လို့ အစိုးရစာရင်းများ အရ သိရပါတယ်။ ရေနစ်မြုပ်မှုကြောင့် ဆန်စက် လည်ပတ်မှု နှောင့်နှေးပြီး ထုတ်လုပ်မှုစရိတ် မြင့်တက်လာပါတယ်။ ရေလွှမ်းမိုးပေမဲ့ ဗီယက်နမ်နိုင်ငံရဲ့ စပါးထွက်ရှိမှုဟာ ၂၀၁၀ ခုနှစ်မှာ တန်ချိန် သန်း ၄၀ ရှိခဲ့ရာမှ ယခုနှစ်မှာ ၄၃ သန်းအထိ မြင့်တက်ထွက်ရှိနိုင်တယ်လို့ Bong ကဆိုပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသ စပါးဈေးဟာ ယခင် သီတင်းပတ်က တစ်တန် ကန်ဒေါ်လာ ၃၂၅-၃၅၉ ရှိခဲ့ရာမှ အောက်တိုဘာလ ၁၉ ရက်နေ့မှာ တစ်တန် ကန်ဒေါ်လာ ၃၅၉-၃၇၃ အတွင်းကို မြင့်တက်ခဲ့ပါတယ်။ လက်ကျန်နည်းခြင်းနဲ့ ရေလွှမ်းမိုးမှုထိခိုက် တဲ့ ကောလဟာလ သတင်းများအရ ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။ စပါးလက်ကျန်များများ မကျန်တော့တဲ့အတွက် ကုန် သည်တိုင်းဟာ ဗီယက်နမ်နဲ့ထိုင်းနိုင်ငံအတွင်း ရေနစ်မြုပ်မှု အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ကင်သိုရှိ ကုန်သည်တစ်ဦးကဆိုပါတယ်။ မြစ်ဝန်းတလျှောက် ၂ ပတ် အတွင်း ရေကျဆင်းနိုင်တဲ့အတွက် နွေစပါးစိုက်ပျိုးကြတော့ မယ်လို့လည်းဆိုပါတယ်။ ညီလာခံတက်ရောက်တဲ့ ကုန် သည်များ ပြောကြားချက်အရ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရိတ်သိမ်းရမယ့် နောက်စပါးမတိုင်မီ ဒီဇင်ဘာလ သို့မဟုတ် နောက်လမှာ အာရှနဲ့အာဖရိကဝယ်လက်များ ဗီယက်နမ် ဆန်ကို ဝယ်ဖို့ပြန်လှည့်လာနိုင်တယ်လို့ သိရပါတယ်။ လမင်း၊Source: Reuters
