ဗီယက်နမ်နိုင်ငံက ပေါင်းဆန် ထုတ်လုပ်မှု တိုးမြှင့်ဖို့စီစဉ်

                ထိုင်းနိုင်ငံက ပေါင်းဆန်တင်ပို့မှု လုပ်ငန်းအောင်မြင်မှုကို အားကျပြီး ဗီယက်နမ်ကလည်း အမှီလိုက်ဖို့ ကြိုးစားနေပါတယ်။ အာဟာရမြင့်မားမှုကြောင့် ပေါင်းဆန် ဝယ်လိုအား တဖြည်းဖြည်းမြင့်တက်လာရာ ခန့်မှန်းခြေအားဖြင့် ဆန်ဖြူထက် ၁၀-၂၀ ရာခိုင်နှုန်းခန့် တိုးတက်နေပါတယ်။ ပေါင်းဆန်ဟာ ချက်ပြုတ်ပြီး အထားခံမှု ပိုတယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လတ်တလော ပေါင်းဆန်စက်တစ်လုံးသာရှိပြီး ၂၀၁၂ မှာ ၂ လုံးနဲ့ မကြာမီ ၃ လုံးအထိ တိုးချဲ့ဖွယ် ရှိနေပါတယ်။ အိန္ဒိယကုမ္ပဏီများ ပြောကြားချက်အရဗီယက်နမ်မှပေါင်းဆန်စက်ဝယ်ယူဖို့ မေးမြန်းမှုတွေများစွာ ရှိတယ်လို့ သိရပါတယ်။ ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA)ရဲ့ ပြောကြားချက်အရ ဗီယက်နမ်ဆန်လုပ်ငန်းအနေနဲ့ လတ်တလော ပေါင်းဆန် တန်ချိန် ၃ သိန်း - ၄ သိန်း ဝန်းကျင်မှ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။                 ဒါ့အပြင် ဗီယက်နမ်ပေါင်းဆန် အရည်အသွေးကိုလည်း ထိုင်းနိုင်ငံအပါအဝင် အခြားပေါင်းဆန်ထုတ်လုပ်တဲ့ နိုင်ငံတွေ ထက် ပိုမိုတိုးတက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ပေါင်းဆန်ဈေးကွက်အတွင်း ပါဝင်ခြင်းဖြင့် ဆန်တင်ပို့ ရောင်းချ မှုကို မြှင့်တင်သွားမယ်လို့ သိရပါတယ်။ လမင်း၊Source: oryza.com