Main menu

Background

အိန္ဒိယဝယ်လိုအားနည်းလို့ မတ်ပဲတင်ပို့မှု သိသိသာသာကျ

Mon, 10/24/2011 - 03:48 -- Anonymous (not verified)

                အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်တွေ နေရာယူထားတဲ့အတွက် မြန်မာ့ပဲကို ဝယ်လိုအားနည်းတာကြောင့် ယခုတစ်ပတ်ပင်လယ်ရေကြောင်းက ပဲတင်ပို့မှု သိသိသာသာကျဆင်းခဲ့ပါတယ်။ ပုံမှန်အားဖြင့် အပတ်စဉ် တန်ချိန် ၂ သောင်း ဝန်းကျင် တင်ပို့မှုရှိနေရာမှ အောက်တိုဘာ ၉ ရက်မှ ၁၄ ရက်နေ့အထိ ယခု တစ်ပတ်မှာတော့ တန်ချိန် ၅၅၀၀ ခန့် သာတင်ပို့မှုရှိခဲ့ပါတယ်။                 လက်ရှိဘဏ္ဍာနှစ် အတွင်းတင်ပို့မှုအနေနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိမတ်ပဲစုစုပေါင်း တန်ချိန် ၄၂၈၀၀၀ ခန့် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၅၀၀၀ ကျော် နဲ့ ယှဉ်ရင် တန်ချိန် ၁၄၃၀၀၀ ကျော်ပိုမို တင်ပို့ပြီးဖြစ်တာ တွေ့ရပါတယ်။ မတ်ပဲအဓိကဝယ်ယူတဲ့ အိန္ဒိယမှာ ပဲအသစ် ဈေးကွက်အတွင်း ဝင်ရောက်မှုအများဆုံးကာလဖြစ်လို့ အရောင်းအဝယ် ဖြစ်မှု နည်းနေတဲ့အတွက် ယခုလအတွင်းတင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT