အောက်တိုဘာ ၁၀ မှ ၁၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ မတ်ပဲ ၁၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ်မှာ အပို့ရှိတာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနေနဲ့ တစ်တန် ကျပ် ၇၆၀၀၀ ကျော် လျော့ကျလျက်ရှိပြီး တစ်ဘက်နိုင်ငံဈေး သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ယခင်နှစ် အောက်တိုဘာမှာ နယ်စပ်မှမတ်ပဲတင်ပို့နိုင်မှုမှာ ၃၁၅ တန်ရှိပြီး၊ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာ ၁၈ ရက်ထိ နယ်စပ်မှ မတ်ပဲတင်ပို့မှုမှာ ၅၁၁ တန်ရှိပြီ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၁၇၃၃၈ ၅၉၃၅၂၃ ၇၆၁၈၅ ၁၅ ၉၄၁ ၉၄၂ ၁ ၀ .၁MIRT(DOT)
Background