ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က ပဲစင်းငုံနီအရောင်းအဝယ်မရှိသလောက်ပါးခဲ့ရာမှ ယခုတစ်ပတ် အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ ပဲစင်းငုံ ဖြူနီနဲ့ အဖြူ တန်ချိန် ၃၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယပဲအသစ်မထွက်မီ စပ်ကူးမတ်ကူးကာလ လိုအပ်တဲ့ ပဲအချို့အတွက် ကြိုက်ဈေးရတဲ့ ပဲစင်းငုံကို အရောင်း အဝယ်ပိုဖြစ်တာ တွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းလာတာ ကြောင့် FOB ဈေးလည်း လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၂၁-၁၀-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀၁၄-၁၀-၁၁ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀MIRT(DOBT)
Background