Main menu

Background

ဈေးတက်၍ ယခုအပတ် မူဆယ်နယ်စပ်မှ ပဲတီစိမ်းအပို့လျော့

Mon, 10/24/2011 - 04:09 -- Anonymous (not verified)

           အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၀၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၇၉ တန် ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၇၁ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။            ကုန်တင်ကားသယ်ယူစရိတ်များမှာ အာဆီယံစံသတ်မှတ်ချက်ကို ပြန်လည်ကျင့်သုံးသဖြင့် ယခင်အပတ်ကထက် ပဲတီစိမ်း ၁ ပိဿာကို ၁၀ ကျပ် မြင့်တက်သွားပြီး ၇၈ ကျပ်နှုန်းပေးဆောင်နေရတဲ့အတွက် ကုန်တက်များ လျော့ကျနေတယ်လို့ သိရ ပါတယ်။ယခင်အပတ်ကထက် မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၁၅ ရာခိုင်နှုန်းလျော့ကျသွားပြီး တစ်ဖက်နိုင်ငံဈေးကတော့ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု            ယခင်     ပြောင်းလဲမှု  %     ယခု    ယခင်   ပြောင်းလဲမှု   %ပဲတီစိမ်း      ၆၁၃၀၆၆     ၇၀၂၅၂၇     ၈၉၄၆၁    ၁၅      ၈၉၄     ၈၉၄             -           - MIRT (DOBT)