Main menu

Background

ဝယ်လိုအားအရ ကုလားပဲဈေးမြင့်တက်နိုင်ပေမယ့် အစိုးရရဲ့ အစီအစဉ်များက ဈေးနှုန်းကို ထိန်းချုပ်နိုင်

Mon, 10/24/2011 - 04:19 -- Anonymous (not verified)

                       ယခင်ရက်များက ဈေးကျဆင်းခဲ့တဲ့ ကုလားပဲကြိုပွိုင့်ဈေးဟာ လက်ငင်း ဝယ်လိုအား တက်လာခြင်း နဲ့အတူ ၆ ရာခိုင်နှုန်းနီးပါးပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ရာဂျက်စသန်အစိုးရက ဈေးနှုန်းကန့်သတ် လိုတဲ့အတွက် ကုလားပဲတန် ၂၅၀ အထက် သိုလှောင်သူများကို စစ်ဆေးသွားနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်း ကျဆင်းဖို့နဲ့ ပဲစိုက်ရာသီမှာ ပဲရရှိနိုင်မှု တိုးတက်စေဖို့ ရာဂျက်စသန်အစိုးရက ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှာ အခြားပဲမျိုးစုံထဲက သီးခြားကုလားပဲအပေါ် သိုလှောင်မှု ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ လက်ကားရောင်းချ သူများအတွက် ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၅၀၀ သိုလှောင်ခွင့်ကို တန်ချိန် ၅၅၀ ထိ တိုးမြှင့် ကန့်သတ် ခဲ့ပါတယ်။                           ကုလားပဲသီးခြားသိုလှောင်မှုအနေနဲ့ တန် ၂၅၀ သတ်မှတ်ပြီး၊ အခြားပဲများကို တန် ၃၀၀ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။ ဗဟိုအစိုးရက ဆောင်းရာသီမှာ စိုက်ဧရိယာတွေ တိုးချဲ့ပြီး ထုတ်လုပ်မှုမြှင့်တင်ခြင်းဖြင့် ဆောင်းပဲတန်ချိန် ၂ ဒသမ ၇၈ သန်း ပိုမိုထွက်ရှိရေး ရည်မှန်းဆောင်ရွက်နေပါတယ်။ အဲဒီအစီအစဉ်အတွက် လည်း အပိုဆောင်းခွင့်ပြုငွေ ရူပီးသန်း ၈၀၀(ကန်ဒေါ်လာ ၁၆ ဒသမ ၁၅၅ သန်း) ခွင့်ပြုခဲ့ပါတယ်။                          ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပဲတင်သွင်းမှု ကျဆင်းခဲ့ရာ နိုင်ငံပိုင် အေဂျင်စီ များဟာ လက်ရှိ ဘဏ္ဍာနှစ်စမှ စက်တင်ဘာလ ၁၂ ရက်အထိ ပဲတန်ချိန် ၁၂၁၆၆၀ သာ တင်သွင်းဖို့ စာချုပ်ထားကြောင်းနဲ့ ယခင်နှစ်ကာလတူက တန်ချိန် ၅၉၆၇၀၀ စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ (ဇူလိုင်-ဇွန်)အတွင်း ပြည်တွင်းပဲ ထုတ်လုပ်မှုက ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၈ ဒသမ ၀၉ သန်းထိ ထွက်ရှိခဲ့တာကြောင့် ပဲတင်သွင်းမှု ကျဆင်းခဲ့တာဖြစ်ပါတယ်။                           ဗဟိုအစိုးရဟာ နိုင်ငံပိုင်အေဂျင်စီများအတွက် ပဲတင်သွင်းရာမှာ ပြန်အမ်းငွေ အစီအစဉ်ကို ဖယ်ရှားခဲ့ပါတယ်။ ၂၀၁၁ ဇူလိုင်လမှာစတင်တဲ့လက်ရှိသီးနှံနှစ်အတွင်း ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၁၇ သန်းထွက်ရှိဖို့ ရည်မှန်းထားပြီး၊ လက်ရှိ ဆောင်းပဲ မျိုးစုံအတွက် ရည်မှန်းချက်ကိုတော့ ယခင်နှစ်ပမာဏဖြစ်တဲ့ တန်ချိန် ၁၀ ဒသမ ၉ သန်း ဝန်းကျင်လို့ သတ်မှတ်ထားပါတယ်။                            ကုလားပဲဟာ အိန္ဒိယနိုင်ငံမှာ အဓိက ဆောင်းသီးနှံဖြစ်ပြီး၊ အောက်တိုဘာ- ဒီဇင်ဘာမှာ စိုက်ပျိုးကာ ဇန်နဝါရီမှာ စတင်ရိတ်သိမ်းပါတယ်။ ပထမအကြိမ် ခန့်မှန်း ချက် အရ ၂၀၁၁-၁၂ မိုးပဲ မျိုးစုံထွက်ရှိမှုဟာ ယခင်နှစ် ထက် ၉ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၆ ဒသမ ၄၃ သန်းရှိမယ်လို့ ဆိုပါတယ်။ ပဲစင်းငုံကတော့ သုည ဒသမ ၃၅ ရာခိုင်နှုန်း တိုးထွက်နိုင်ပြီး၊ ပဲတီစိမ်းနဲ့ မတ်ပဲက တော့ ၂၁ ရာခိုင်နှုန်း နဲ့ ၁၆ ရာခိုင်နှုန်း အသီးသီး လျော့ကျနိုင်တယ်လို့ သိရပါတယ်။                        ကုလားပဲဈေးနှုန်းအနေနဲ့ ဈေးအနိမ့်နဲ့ ပြည်တွင်းလှောင်လက်တွေ ဝယ်ယူနေတာကြောင့် ဈေးမြင့်တက် မယ့် အလားအလာရှိပေမယ့် ရာဂျက်စသန် အစိုးရရဲ့ ပဲသိုလှောင်မှု ကန့်သတ်ခြင်းက ဈေးနှုန်း သိသိသာသာ မြင့်တက်မှုကို ထိန်းချုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဆောင်းပဲအလားအလာအနေနဲ့ မြေဆီလွှာ အစိုဓာတ် ကောင်းမွန်မှုကြောင့် အထွက်ပိုမိုနိုင်ပြီး၊ ကာလရှည်မှာ ဈေးနှုန်းအကျ ဘက်ကို ဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ Source: Angel Commodities