Main menu

Background

အိန္ဒိယနနွင်း ဝင်ရောက်မှုများတာကြောင့် ဈေးနှုန်းကျဆင်း

Mon, 10/24/2011 - 05:34 -- Anonymous (not verified)

               ရွေးကောက်ပွဲအတွက် ပိတ်ရက် ၃ ရက်ပြီးတဲ့နောက် အိန္ဒိယ ဈေးကွက်များကို နနွင်းဝင်ရောက်မှုများ လာတာကြောင့် လက်ငင်းဈေးတစ်တန်ရူပီး ၁၀၀၀-၄၀၀၀(ကန်ဒေါ်လာ ၂၀ ဒသမ ၁၉ - ၈၀ ဒသမ ၇၇) ခန့် ကျဆင်းခဲ့ပါတယ်။ ကုန်သည် များဟာ အမှာအော်ဒါများရရှိထားပေမယ့် ဝင်ရောက်လာတဲ့ နနွင်းအရည်အသွေးညံ့ တဲ့အတွက် ဈေးလျှော့ပေးတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါ တယ်။ အလားတူကြိုပွိုင့်ဈေး ကွက်မှာ လည်း ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။                ဒါပေမယ့် အရည်အသွေးကောင်းနနွင်းကိုတော့ ရူပီး ၁၀၀၀(ကန်ဒေါ်လာ ၂၀ ဒသမ ၁၉)တိုးမြှင့်ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ကုန်သည်များဟာ အိန္ဒိယမြောက်ပိုင်းမှ အမှာအော်ဒါများ ဖြည့်ဆည်းဖို့ ဝယ်ယူနေကြတဲ့အတွက် ဈေးကွက်ကို ဝင်ရောက်လာတဲ့ နနွင်းများအနက် ၆၀ ရာခိုင်နှုန်း ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ တောင်သူများအနေနဲ့ ဒီဝါလီပွဲတော်အတွက် ငွေလိုအပ်နေပြီး၊ ရာသီကုန်ဆုံးတော့မှာဖြစ်လို့ သိုလှောင် မထားလိုတဲ့ အတွက် ဈေးအနိမ့်မှာ ထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။ တောင်သူလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းခန့်ရှိနေသေးတာ ကြောင့် ယင်းလက်ကျန်များကို ဒီဇင်ဘာလ တတိယသီတင်းပတ် နနွင်းသစ်ဝင်ရောက် မလာမီ ၂ လအတွင်း ရောင်းချရတော့ မယ်လု့ိ ကုန်သည်များက ဆိုပါတယ်။                     နောက်ဆုံးစာရင်းအရ နနွင်းစိုက်ပျိုးမှုဟာ လွန်ခဲ့တဲ့ သီတင်းပတ်များထက် မြန်ဆန်လာနေပေမယ့် စိုက်ဧရိယာကတော့ ယခင်နှစ်နဲ့ ယှဉ်ရင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး၊ ပုံမှန်ရာသီထက် ၆ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမိုတယ်လို့ သိရပါတယ်။ အီရော့ နနွင်းကုန်သည်များအသင်း ဈေးကွက်မှာ နနွင်းဝင်ရောက်မှုများ တာကြောင့် တစ်တန် ရူပီး ၁၀၀၀ ကျဆင်းပြီး၊ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၄၃၁၁၀-၅၆၇၁၀(ကန်ဒေါ်လာ ၈၇၁-၁၁၄၅)နဲ့ နနွင်းဥတစ်တန် ရူပီး ၃၈၃၆၀- ၅၂၁၁၀(ကန်ဒေါ်လာ ၈၇၁-၁၀၅၂)နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusiness