Main menu

Background

နိုဝင်ဘာလ ပထမပတ်တွင် ရွှေတစ်အောင်စလျှင် ၁၅၅၀ ဒေါ်လာအထိ ထပ်မံကျဆင်းသွားနိုင်သည်ဟု ခန့်မှန်း

Mon, 10/24/2011 - 05:38 -- Anonymous (not verified)

                         စက်တင်ဘာ ၆ ရက်က တစ်အောင်စကို ၁၉၂၃ ဒသမ ၇၀ ဒေါ်လာအထိ ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက စက်တင်ဘာ ၂၆ ရက်မှာ ၁၅၃၅ ဒေါ်လာအထိ ထိုးကျသွားပြီး နောက်ပိုင်းယနေ့ အောက်တိုဘာ ၁၉ ရက်အထိ ကာလအတွင်း တစ်အောင်စကို ၁၇၀၀ ဒေါ်လာအောက် နှုန်းထားမှာသာ ပြောင်းလဲဖြစ်ပေါ် အရောင်းအဝယ်ဖြစ်နေပါတယ်။                           ဒါ့အပြင် နိုဝင်ဘာလပထမပတ်မှာ ရွှေတစ်အောင်စကို ၁၅၅၀ ဒေါ်လာ အထိ ထပ်မံကျဆင်းသွားနိုင်တယ်လို့ု ချီကာဂိုအခြေစိုက်  Steel Vine မှ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ အရာထမ်းတစ်ဦးဖြစ်တဲ့  Spencer Pattonက ခန့်မှန်းထားပါတယ်။ Source:Bloomberg.com၊ ပပ