ဘိလပ်မြေတန်ချိန် တစ်သောင်းငါးထောင်ကျော် တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၅၂၁၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင် သွင်းခဲ့တာက ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများဖြစ်ပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေ ၃၁၅ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၁၀၅၀၀ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေ ၄၄၀၀ တန် အသီးသီးမှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ခါတင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေ ထဲမှာ စိန်တံဆိပ်ဘိလပ်မြေက တန်ချိန်အများဆုံး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ၇၄၀၀ သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်မှာ ယခင်တစ်ပတ် ဘိလပ်မြေတင်သွင်းခဲ့တဲ့ တန်ချိန်ထက် ၂ ဆ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ယခုအပတ် ဘိလပ်မြေအသွင်းပိုမို အောက်တိုဘာ ၁၂ ရက်မှ ၁၈ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ မြိတ်နယ် စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၅ သန်းတန်ဖိုးရှိ ဘိလပ် မြေ ၁၇၈၆ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ ဘိလပ်မြေ ၈၁၂ တန်သာအသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ၉၇၄ တန်တင်သွင်းမှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၈၁၅ တန်၊ တာချီလိတ်မှ ၅၅၆တန်ကျော်နဲ့ မြိတ်မှ ၄၁၅ တန်ခန့် အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ ကန်ပိုက်တီးမှတင်သွင်းတဲ့ ဘိလပ်မြေတွေက Port Land တံဆိပ်၊ တာချီလိတ်မှ တင်သွင်းတဲ့ ဘိလပ်မြေတွေကတော့ ငှက်၊ ကျားနဲ့ TPI တို့ ဖြစ်ကြပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၈၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၇၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၉၀၀ ၅၈၀၀ ဘိလပ်မြေ (AAA) ၅၁၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၄၉၀၀ ၄၈၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၁၀၀ ၄၄၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၁၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၂၀၀ ၄၂၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅၀၀ ၆၇၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၂၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၃၅၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၇၀၀ ၃၅၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၂၅၀ ၅၂၅၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(စိန်)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၅၀၀ MIRT (MAPT)
Background