OK နို့ဆီနဲ့ DAWN နို့စိမ်းများ တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်တာ ကာလ အတွင်း နို့ဆီ/စိမ်း ၃၈၆ ဒသမ ၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခုနစ်သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင် သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်သွင်းမှု မရှိခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှ ပြန် လည်တင်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့နို့စိမ်းက DAWN တံဆိပ် ဖြစ်ပြီး တန်ချိန်က ၁၃၁ဒသမ ၁၅ တန် ဖြစ်ပါတယ်။ နို့ဆီက ဒီတစ်ပတ်မှာတော့ OK တံဆိပ်နို့ဆီ ၂၅၅ ဒသမ ၆၄ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတန်ချိန် ခြောက်ရာကျော်အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင် တစ်ပတ်ထက် နို့ဆီအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ သြစတြေးလျ နိုင်ငံမှ ၁၈ တန်ပဲ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်နိုင်ငံစုံမှ တန်ချိန် ခုနစ်ဆယ်ကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှယခုအပတ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းပို ကော့သောင်းနယ်စပ်မှ အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလ အတွင်း ကန်ဒေါ်လာ ၀ ဒသမ ၀၅၆ သန်းတန်ဖိုးရှိ နို့ဆီ တန် ၆၀ ကျော် (၃၁၉၄ တာ)နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၈ သန်းတန်ဖိုးရှိ နို့စိမ်း ၆၁ တန်ကျော် (၃၂၃၂ တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ တန် ၄၀ နဲ့ နို့စိမ်း ၆ တန်အသွင်းပိုခဲ့ပါ တယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၁ သန်းတန်ဖိုးရှိ နို့မှုန့် ၇ တန် အသွင်းရှိခဲ့ရာ ယခင်အပတ်က ထက် နှစ်တန် အသွင်းပိုမိုခဲ့တာ တွေ့ရ ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၇၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၃၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၅၀ ၆၇၅အိုကေ( နို့ဆီ) ၆၅၀ ၆၇၅အိုကေ( နို့စိမ်း) ၆၅၀ ၆၇၅MIRT (DOT)
Background