Main menu

Background

ဈေးအေးလာတဲ့ တရုတ်ဓာတ်မြေသြဇာ

Mon, 10/24/2011 - 06:30 -- Anonymous (not verified)

                  စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာများ ရာသီကုန်လာပြီဖြစ်တဲ့အတွက် ယခုရက်ပိုင်း ဈေးကျလာတယ်လို့ သိရပါတယ်။ မိုးတွင်းကာလ စိုက်ပျိုးရာသီ အရောင်းသွက်တဲ့ ဓါတ်မြေသြဇာမှာ ယခင်တစ်ပတ်ကအထိ အရောင်းသွက် ဈေးမာခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တရုတ်ဓာတ်မြေသြဇာ အရောင်းသွက်တဲ့ မန္တလေးဈေးကွက်မှာ တစ်အိတ် ကျပ် ၅၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်းကြောင်း သိရပါတယ်။ ဈေးကျလာတဲ့ တရုတ်ဓာတ်မြေသြဇာဈေးများကတော့ ယူရီးယား (ရွှေတောင်)တစ်အိတ် ကျပ် ၂၀၄၀၀၊ ယူရီးယား(ပန်းဖူး)တစ်အိတ် ကျပ် ၂၁၁၀၀၊ တီစူပါ GTSP ၄၆ ရာခိုင်နှုန်း တစ်အိတ် ကျပ် ၂၅၆၀၀၊ တီစူပါ GTSP ၁၆ ရာခိုင်နှုန်းက ကျပ် ၁၀၆၀၀ ဈေးရှိပြီး တီစူပါ GTSP ၁၂ ရာခိုင်နှုန်းက ဈေးကွက်မှာ ပစ္စည်းပြတ်နေကြောင်း သိရပါတယ်။ သင်းသင်းမြတ်