Main menu

Background

ဥရောပကြွေးမြီပြဿနာအပေါ် စိုးရိမ်မှုများကြောင့် စားအုန်းဆီကြမ်းဈေး အကျနဲ့ပိတ်

Mon, 10/24/2011 - 06:32 -- Anonymous (not verified)

                  ဥရောပကြွေးမြီပြဿနာဖြေရှင်းဖို့ ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုများမြင့်တက်ခြင်းနဲ့ အမေရိကန်ရဲ့ မသေချာတဲ့ စီးပွားရေးအလားအလာ တွေအရ ရင်းနှီးမြုပ်နှံသူများက ရောင်းထုတ်လာကြတဲ့ အတွက် မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အောက် တိုဘာ၂၀ ရက် ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံ စားအုန်းဆီ ကြမ်းစာချုပ်ဈေးဟာ သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပြီး ရင်းဂစ် ၂၈၇၅ (ကန် ဒေါ်လာ ၉၀၉)ဈေးဖြစ်ခဲ့ပါတယ်။                    ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးကလည်း သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၅၁ ဒသမ ၃၃ ဆင့်(တစ်တန်ကို ကန်ဒေါ်လာ ၁၁၃၁)နဲ့ ပိတ်ခဲ့ပါတယ်။ ယခုတစ်ပတ်တွင်း စားအုန်းဆီ ဈေး အပြောင်း အလဲဖြစ်နေပြီး တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဥရောပ ညီလာခံနီးကပ်ခြင်းက ဈေးနှုန်းကို ပိုမို ကျဆင်းစေပါတယ်။                     ပြည်ပဝယ်လိုအား တဖြည်းဖြည်းနည်းပါးလာခြင်းနဲ့အတူ ယခုလအတွင်း မလေးရှားနိုင်ငံရဲ့ သိုလှောင်မှု တိုးတက်လာခြင်းတို့ကြောင့် စားအုန်းဆီထွက်ရှိမှုကို ကုန်သည်များ စောင့်ကြည့်လျက်ရှိနေပါတယ်။ အိန္ဒိယရဲ့ လာမယ့်သီတင်းပတ် ဒီပါဝလီပွဲတော်အတွက် ဝယ်လက်တွေထံမှာဆီအလုံအလောက်သိုလှောင် ထား တယ်လို့ ဟင်းသီးဟင်းရွက်ဆီတင်ပို့သူတစ်ဦးကဆိုပါတယ်။          SGS ရဲ့ ခန့်မှန်းချက်အရ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယကို စားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၂၆ ရာခိုင်နှုန်းကျဆင်းပြီး၊ တန်ချိန် ၁၁၃၂၉၀ သာရှိပေမယ့် စုစုပေါင်းတင်ပို့မှုအနေနဲ့ တန်ချိန် ၁ ဒသမ ၀၃ သန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်တယ်လို့ ဆိုပါတယ်။လက်ငင်းဈေးကွက်မှာ နိုဝင် ဘာလ အတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန်ကန်ဒေါ်လာ ၉၉၈ ရှိပြီး၊ ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၂၀ ကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၂၈၈၀(ကန်ဒေါ်လာ ၉၁၁)ဈေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: palmoilhq.com