Main menu

Background

ဂျပန်ကို နှမ်းတင်ပို့မှု အားကောင်းနေ

Mon, 10/24/2011 - 06:41 -- Anonymous (not verified)

                   ပင်လယ်ရေကြောင်းက ပြည်ပကို နှမ်းတင်ပို့မှုအနက် ဂျပန်ကိုတင်ပို့မှု အား ကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က နှမ်းရောင်စုံတန်ချိန် ၁၆၀၀ ခန့်ထိ တင်ပို့မှုတိုးတက်ခဲ့သလို ယခုတစ်ပတ် (အောက်တိုဘာလ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၁၂၅၀ ကျော်ထိ တင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်တို့ဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ ဂျပန်ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပြည်ပကို စုစုပေါင်း နှမ်းတင်ပို့မှုဟာ တန်ချိန် ၅သောင်းကျော် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၈၀၀၀ ကျော် ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၂၁ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀- ၁၉၀၀၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန် ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။MIRT- MAPT