Main menu

Background

သိုလှောင်မှုများတာကြောင့် တရုတ်နိုင်ငံရဲ့ ၂၀၁၁ ပဲပုပ် တင်သွင်းမှု ကျဆင်းဖွယ်ရှိ

Mon, 10/24/2011 - 06:52 -- Anonymous (not verified)

                   တရုတ်နိုင်ငံရဲ့ ယခုနှစ် ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ်နဲ့ယှဉ်ရင် တန် ချိန် ၄ သန်းခန့် ကျဆင်းဖွယ်ရှိတဲ့ အတွက် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမ အကြိမ်အနေနဲ့ တင်သွင်းမှု လျော့ကျ ခြင်းဖြစ်တယ်လို့ သတင်းအချက် အလက်ပေးတဲ့ SC I 99.com မှ လေ့လာဆန်းစစ်သူ Xin Yumin  က ပြောကြားပါတယ်။ အမေရိကန်စိုက်ပျိုးရေး ဌာန(USDA) ရဲ့ သုတေသန ပြုချက် အရ အမေရိကန်ပဲပုပ်ကို တရုတ်မှာယူမှု ဟာ အောက်တိုဘာလ ၆ ရက်နေ့အထိ တန်ချိန် ၁၁ ဒသမ ၈ သန်းရှိပြီး၊ ယခင် နှစ် ကာလတူမှာယူခဲ့တဲ့ ပမာဏမှာ တန်ချိန် ၁၃ ဒသမ ၃ သန်းရှိခဲ့တယ် လို့ ဆိုပါတယ်။                   တရုတ် အကောက်ခွန်ဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ စက်တင်ဘာလအတွင်း တန်ချိန် ၄ ဒသမ ၁၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ် ကာလတူထက် ၁၁ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပြီး၊ ပထမ ၉လအတွင်းမှာ ယခင် နှစ်ထက် ၆ ဒသမ ၁ ရာခိုင်နှုန်း ကျ ဆင်းပြီး၊ တန်ချိန် ၃၇ ဒသမ ၇၁ သန်း တင်သွင်းခဲ့ပါတယ်။ တင်သွင်းမှု လျော့ ကျခဲ့ခြင်းမှာ လက်ကျန်များခြင်းနဲ့ ပဲပုပ်သစ်ရာသီ ရောက်ရှိပြီဖြစ်ခြင်းတို့ ကြောင့်ဖြစ်တယ်လို့ ပဲပုပ် သတင်းဖြန့် ဖြူးသူ Chyouzhi.com မှ အယ်ဒီတာချုပ်  Guo Qingbao မှ ပြောကြားပါတယ်။                 ယခုနှစ်စပိုင်းကစပြီး အစိုးရအရန် သိုလှောင်မှုထဲက ပဲပုပ်တန်ချိန် ၄ သန်းခန့်ကို ဈေးကွက်အတွင်း ဖြန့်ဖြူးခဲ့ပြီး၊ ဈေးကွက်လိုအပ်ချက်က သိုလှောင်မှုနဲ့ လုံလောက်ခဲ့တယ်လို့ Xin Yumin ကဆိုပါတယ်။ စက်တင်ဘာလ အတွင်း ပြင်ပဈေးကွက်များမှာ ပဲပုပ် ကြိုပွိုင့်ဈေး သိသိသာသာ ကျဆင်းခြင်း ကလည်း ပဲပုပ်တင်သွင်းမှု နှောင့်နှေး စေတဲ့ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။                   လက်ရှိမှာ ပြည်တွင်းပဲပုပ် ကြိတ်ခွဲသူများဟာ ပဲပုပ်ဆီ တစ်တန် ထုတ် လုပ်ဖို့အတွက် ယွမ် ၂၅၀ (ကန်ဒေါ်လာ ၃၉) ခန့် အရှုံးပေါ်နေခြင်းကလည်း၊ ပဲပုပ်တင်သွင်းမှု လျော့ကျလာစေခြင်း ပဲဖြစ်ပါတယ်။ ယခင် ၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၅၄ ဒသမ ၈ သန်းအထိ တင်သွင်းခဲ့လို့ ယခင်နှစ် တင်သွင်းမှုထက် ၂၈ ဒသမ ၈ ရာခိုင် နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source:World.grain