Main menu

Background

မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

Mon, 10/24/2011 - 06:58 -- Anonymous (not verified)

မတ်ပဲစဉ် ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်        ယခု        ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်      ၅၉၀၅၀၀      ၅၇၉၀၀၀၂ မုံရွာ                 ၁ ပိဿာ       ၈၄၀            ၈၃၅၃ ပြည်                 ၁ ပိဿာ      ၉၀၀            ၈၈၅၄ ဟင်္သာတ           ၁ ပိဿာ       ၉၀၀           ၈၈၀၅ မန္တလေး            ၁ ပိဿာ       ၈၃၃            ၇၈၃မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ               ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC)ကို အိတ်စပို့ဝယ်လက်တွေက အောက်ဈေးနဲ့အဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၅၇၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၇၉၀၀၀ ကျပ်အတွင်း တန် ၇၉၃၅ ခန့်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဘက်မှာ ပဲပေါ်တဲ့ ကာလဖြစ်နေလို့ ဝယ်လိုအားပျော့သွားတာရယ်၊ ရန်ကုန် ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအတက်အကျ မငြိမ် တာရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတာကြောင့် အခုလို မတ်ပဲဈေးတွေကျလာတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တ္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲအေး ပြီး မြို့ခံပဲခွဲစက်များကသာ ဝယ်အားအထိုက်အလျောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၈၃ ကျပ် (တစ်တန်ကို ၄၇၉၅၀၁ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ။် ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) က ရောင်းလက်တွေထံ မှာပစ္စည်းလက်ကျန်နည်း နေသလို ရန်ကုန် ဝယ်လက်ကလည်း ဈေးချအဝယ်ရှိတာကြောင့် အရောင်းအဝယ် ဖြစ်မှုပမာဏက ယခင်အပတ်နဲ့စာရင် နည်းသွားတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အဆွဲပါးသွားသလို ဈေးကလည်း ယခင်အပတ်နဲ့စာရင် အကျဘက်မ် ှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၈၅ ကျပ် (တစ်တန်ကို ၅၄၁၉၆၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀မှ ၄၀၀ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။