ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၂၀ ၂၁၀၂ လားရှိုး ၁ ပိဿာ ၃၀၀ ၂၈၀၃ မူဆယ် ၁ တန် ၂၁၉၇၆၂ ၂၁၇၅၇၈၄ မန္တလေး ၁ ပိဿာ ၂၇၈ ၂၆၉၅ ဟင်္သာတ ၁ ပိဿာ ၃၀၅ ၃၀၀မိုးပြောင်း အစိုဓာတ်များလို့ ဈေးချအဝယ်ရှိနေ လားရှိုှုးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်များလာပေမယ့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အစိုဓါတ်အနည်းငယ်ရှိ လာတဲ့အပေါ် တရုတ်ဝယ်လက်ကဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြးီ တစ်ပိဿာကို ၂၈၀ ကျပ် တစ်ပတ် အတွင်း ပိဿာချိန် ၅၂၄၂၆၂ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည် တစ်ဦးကဆိုပါတယ။် မူဆယ်ဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ အဝင်ပုံမှန်ရှိနေသလို တရုတ်ဘက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ ပြောင်းက ရောင်းလက်များထံမှာ ပစ္စည်းလက်ကျန် နည်းနေပေမယ့် ရန်ကုန်အဆွဲက ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၀၀ ကျပ်နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားဖြစ်ခဲ့ တယ်လို့သိရပါတယ။် မန္တလေးဈေးကွက်မှာ ပြောင်း ကိုတရုတ်အဆွဲ ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၆၉ ကျပ်နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပြောင်းကုန်သည်တစ်ဦး က ဆိုပါတယ်။ တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ် မိုးတောက် လျောက်ရွာနေတာကြောင့် ဒေသခံ ပြောင်းကုန်သည်များအနေနဲ့ ဈေးကွက်သို့ ပြောင်းသယ်ယူရာမှာ အခက်အခဲရှိနေတယ်လို့ သိရပါ တယ်။ မိုးကြောင့် ပြောင်းသီးနှံတွေမှာ အစိုဓာတ်အနည်းငယ်ရှိနေလို့ ရန်ကုန်-မန္တလေး ဝယ်လက်တွေက ဈေးလျော့အဝယ်ရှိနေတယ်။ ဒါကြောင့် အခုလိုဈေးတွေ ကျလာတာလို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၁၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၄၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်
Background