ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ ၁၄၀၀ ၁၃၀၆၂ မန္တလေး ၁ ပိဿာ ၁၂၂၃ ၁၁၇၀၃ မုံရွာ ၁ ပိဿာ ၁၂၂၁ ၁၁၄၂၄ ပခုက္ကူ ၁ ပိဿာ ၁၂၀၀ ၁၂၀၀၅ မြင်းခြံ ၁ ပိဿာ ၁၂၀၀ ၁၁၅၀၆ ရေစကြို ၁ ပိဿာ ၁၁၆၀ ၁၁၀၅ကုလားပဲဖြူလုံးကြီး အိတ်စပို့အဆွဲအေးလို့ ဈေးကျ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲအေး သွားသလို မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၁၇၀ ကျပ် (တစ်တန်ကို ၇၁၆၄၉၆ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းသွား ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ရေစကြိုဈေးကွကွက် မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက တစ်ပိဿာကို ၁၁၀၅ ကျပ်(တစ်တန်ကို ၆၇၆၆၉၀ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၁၅၀ ခန့် အဝယ်ရှိခဲ့ပေမဲ့ ယခင်အပတ်နဲ့စာရင် ဈေးက အကျဘက်မှာ ရှိနေကြောင်းသိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အတွက် ဝယ်ယူသူများ အဝယ်အေး နေပြီး ဒေသတွင်းခွဲစက်တွေကသာ ဝယ်အားအထိုက်အလျောက် ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၄၂ ကျပ်(တစ်တန်ကို ၆၉၉၃၄၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background