နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိ
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၂၁၁၅ ၂၀၀၀နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့ အဝင်ပုံမှန်ရှိ သလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လ် ာတယ်လို့ သိရပါတယ်။ နှမ်းဖြူ(ရိုးရိုးစ)ကိုတော့ တရုတ်က တစ်ပိဿာကို ၁၄၀၀ ကျပ်(တစ် တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်အဝယ်ရှိခဲ့ သလို နှမ်းဖြူခြုံကျော်စကိုလည်း တရုတ်နဲ့ ဒေသခံမုန့်လုပ်ငန်းရှင် တွေက တစ်ပိဿာကို ၁၆၄၄ ကျပ်(တစ်တန်ကို ၁၀၀၆၇၆၉ ကျပ်) နဲ့ နေ့စဉ်အိတ် ၇၀၀ မှ ၈၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာ နှမ်းဖြူ ကို မန္တလေးဝယ်လက်က တစ်ပိဿာကို ၁၄၄၇ ကျပ် (တစ်တန်ကို၈၈၆၁၂၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် အဝယ်ရှိခဲ့သလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ။် မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်အဆွဲပြန်လိုက် လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာ ကို ၁၅၃၅ကျပ်(တစ်တန်ကို ၉၄၀၀၁၈ ကျပ်)နဲ့ နေ့စဉ် အိတ် ၃၀၀ မှ ၅၀၀ ကြားအရောင်း အဝြယ်ဖစ်ခဲ့တယ်လို့ သိရပါတယ။် အောင်လံ ဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲအေးသွားတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၂၀၀၀ ကျပ် (တစ်တန်ကို ၁၂၂၄၇၈၀ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းသွားကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
