Main menu

Background

ပြောင်းအထွက်ကောင်းခြင်း၊ သယ်ယူစရိတ်မြင့်တက်ခြင်းများကြောင့် အရောင်းအဝယ်အေးပြီး ကုန်သည်များ တွက်ခြေမကိုက်

Wed, 10/26/2011 - 03:44 -- Anonymous (not verified)

                   ယခုနှစ်တွင် ပြောင်းအထွက်ကောင်းခြင်းကြောင့် မန္တလေးအနီးတစ်ဝိုက်နဲ့ ရှမ်းပြည်နယ်ဘက်က ထွက်ရှိတဲ့ ပြောင်းများ ပုံမှန်တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံဘက် တွင် ပြောင်းအဝင်များပြီး ဈေးနှုန်းကျဆင်းလာကြောင်း သိရပါတယ်။ ယခု တစ်ပတ်မှာ ဈေးနှုန်းကျဆင်းခြင်းကြောင့် မန္တလေးမှ တင်ပို့မှုအေးသွားပြီး၊ ရှမ်းပြည် နယ်ဘက်မှသာ တင်ပို့မှုရှိကြောင်း သိရပါတယ်။                    ရတနာထွန်းပွဲရုံမှ ကိုသိန်းစံက  " ခုရက်ပိုင်းအတွင်းမှာ ပြောင်းဈေးကျလာတယ်။ အရင်လက ပြောင်း ၅၄ ပိဿာဝင်တစ်အိတ်ကို ၁၆၅၀၀ ကျပ်ရရှိခဲ့တယ်။ အောက်တိုဘာလ ပထမ ပတ် ၁၅၀၀၀ ကျပ်ထိ ကျသွားပြီး၊ အောက်တိုဘာ ၁၀ ရက်မှာ ၁၃၅၀၀ ကျပ်ထိ ကျဆင်းလာခဲ့တယ်။ မန္တလေးမှာတော့ အရောင်းအဝယ် အေးသွားပြီ။ ဒီရက်ပိုင်းတင်ပို့မှုမရှိဘူး။ ဒီလမှာကုန်တန်ချိန် ပြောင်းလဲ သတ်မှတ်လိုက်တော့ ကားခတွေလည်း ဈေးမြင့်လာရတယ်။ အရင်ကပြောင်း တစ်အိတ် ၃၈ ကျပ်ပေးခဲ့ရာက ၇၈ ကျပ်ထိ ပေးလာရတယ်။ အရင်က ကားတစ်စီးကို အိတ် ၇၀၀ တင်ရင် အခုအိတ် ၂၅၀ ပဲ တင်ရတာ။ ကားခကျရင်တော့ အဆင်ပြေနိုင်တယ်" လို့ ပြောပါတယ်။                   ဖိုက်စတားပွဲရုံက ကိုအောင်အောင်ကလည်း " ကားခဈေးနှုန်းတွေ ဒီဘက်မှာ တင်မကဘူး။ ဟိုဘက်က သယ်ယူစရိတ်လည်း မြင့်တက်တာကြောင့် အရောင်း အဝယ်တန့်နေတယ်။ ရောက်ပြီးတဲ့ကားတွေကတော့ ဝယ်လက်ကိုစောင့်နေတယ် "လို့ပြောပါတယ်။ ဇူးဇူး