Main menu

Background

အိန္ဒိယမွေးမြူရေးကဏ္ဍ တိုးတက်၍ ပြောင်းဈေးနှုန်းမြင့်တက်

Wed, 10/26/2011 - 03:46 -- Anonymous (not verified)

                    အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပြောင်းထုတ်လုပ်မှုဟာ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နေပေမယ့် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းအတွက် သုံးစွဲတာက ၅၀ ရာခိုင်နှုန်းရှိတာကြောင့် အိန္ဒိယအမျိုးသား ကုန် ပစ္စည်းဖြန့်ဖြူးရေးကုန်စည်ဒိုင် (NCDEX) မှာ ပြောင်းဈေးနှုန်း မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်အသင်း (ASSOCHAM) ပြောကြားပါတယ်။ လက်ရှိမှာ (NCDEX)  မှာ ပြောင်းအရောင်းအဝယ်ကောင်းနေပြီး မွေးမြူရေးဏ္ဍမှာလည်း ကုန်ပစ္စည်းဝယ်လိုအားတိုးလာကြာင်း သိရပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တ ပတ်က နိုဝင်ဘာလအတွက် အရောင်းရဆုံးစာချုပ်ဈေးနှုန်းက ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ တန်ကို ၁၀၉၀၀ ရူပီး ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားဝယ်လိုအားတွေရှိပြီး တရုတ်က လည်းကုန်အမှာတွေ ဆက်တိုက်ရှိလာနိုင်တယ်လို့ မျှော်လင့်ကြောင်း ကုန်သည်များမှ ပြောကြားပါတယ်။ ပြည်တွင်းကြက်ဘဲ မွေးမြူရေး လုပ်ငန်းကို လေ့လာရာမှာ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး ၂၀၁၅ မှာ ကြက်ဘဲမွေးမြူရေးလုပ်ငန်းမှာ ပြောင်းကိုသာ အဓိက သုံးစွဲမှာဖြစ်ကြောင်း သိရပါတယ်။ လေ့လာမှုများအရ ပြည်တွင်းမှာ ကြက်ကင်နဲ့ ကြက်ဥဝယ်လိုအားတက်လာပြီး လက်ရှိ ကြက်ဘဲ ဈေးကွက်က ရူပီး သန်း (၄၉၀၀၀၀) ခန့်ရှိကြောင်း သိရပါတယ်။ ပြောင်းထုတ်လုပ်မှုစုစုပေါင်းရဲ့ ထက်ဝက်ကျော်က ကြက်ဘဲအစားအစာ ဖြစ်ပြီး ကြက်ဘဲမွေးမြူကဏ္ဍကနေ တစ်နိုင်ငံလုံး ပြောင်းထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကို စားသုံးကြောင်း သိရပါတယ်။ အိန္ဒိယက နှစ်စဉ် အသားကင် တန် ၃ သန်းဝန်းကျင်နဲ့ ဥ တန် ၃ သန်းခန့် ထုတ်လုပ် ပြီး အိန္ဒိယ တောင်ပိုင်းကတော့ ကြက်ဘဲထုတ်လုပ်မှုမှာ အဓိက ဆောင်ရွက်တဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သိရပါတယ်။ လေ့လာမှုများအရ ကြက်ဘဲမွေးမြူရေးကဏ္ဍမှာ သားဖောက် ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာသိုလှောင်မှုနဲ့ ထုတ်လုပ်မှုပိုင်း တွေမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုလျှံနေပေမယ့်အခြေခံအဆောက် အဦဖြစ်တဲ့ လျှပ်စစ်နဲ့ ပို့ဆောင်ရေးပိုင်းမှာတော့ လိုအပ်ချက်တွေ များနေသေးကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံက ကမ္ဘာ့တတိယ အကြီးဆုံး ဥထုတ်လုပ်သူနဲ့ စတုတ္ထအကြီးဆုံး အသားကင်ထုတ်လုပ် သူ ဖြစ်ပါတယ်။ သန်း ၂၀ နီးပါးရှိတဲ့ လုပ်သားတွေက ကြက်ဘဲ မွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ပါတယ်။ ယခုလက်ရှိ (NCDEX)   မှာ နိုဝင်ဘာအတွက် ပြောင်းစာချုပ်ဈေးနှုန်း ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ တန်ကို ရူပီး ၁၁၀၉၀ ၂၂၆ ဒေါ်လာ နဲ့ အောက်တို ဘာလအတွက် စာချုပ်ဈေးနှုန်းက ၁ ဒသမ ၅၅ ရာခိုင်နှုန်းမြင့် တက်ပြီး၁ တန်ကိုရူပီး (၁၀၀၂၀) ၂၀၄ ဒေါ်လာ ရှိကြောင်း သတင်း ရရှိပါတယ်။Source:Comodity OnlineKZW