Main menu

Background

ကြယ်နှစ်ပွင့်အဆင့်နဲ့ အောက်ရှိ ဟိုတယ်များတွင် နိုင်ငံခြားခရီးသွား ဧည့်သည် တည်းခိုခွင့်မပြု

Wed, 10/26/2011 - 04:28 -- Anonymous (not verified)

                  ကြယ်နှစ်ပွင့်အဆင့် (2 Star) နဲ့အောက်ရှိ ဟိုတယ်များတွင် နိုင်ငံခြား ခရီးသွားဧည့်သည်အား တည်းခိုခွင့်မပြုရန် သတ်မှတ်သွားမှာဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦလှဌေး က အောက်တိုဘာ ၁၇  ရက်တွင် မန္တလေးမြို့ စွမ်းဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့တဲ့ ဧည့်လမ်းညွှန်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားမှာ အမှာစကားပြော ကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။                  မြန်မာနိုင်ငံတွင်းရှိ ဟိုတယ်များ၊ ဟိုတယ်အဆင့်အတန်း စစ်ဆေးခြင်းကို စက်တင်ဘာလမှာ နေပြည်တော်၌ စတင်စစ်ဆေးခဲ့ပြီး၊ ကျန်ဟိုတယ်များအား ဟိုတယ်ဇုန်အလိုက် စစ်ဆေးပြီး Star အဆင့် သတ်မှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမှာ တိုးတက် လျက်ရှိပြီး၊ ယခင်နှစ်က နိုင်ငံခြားဧည့် ၂ သိန်းခွဲနဲ့ ၃ သိန်းကြား ဝင်ရောက်မှုရှိပြီး ယခုနှစ် ပွင့်လင်းရာသီမှာ တိုးပြီးဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ ပြည်တွင်းတွင် ဟိုတယ် ၇၀၀ ကျော်ခန့်နဲ့ အခန်းပေါင်း ၂၃၀၀၀ ခန့် ရှိပြီး၊ ရန်ကုန်မြို့မှာ ဟိုတယ် ၁၈၀ လုံးနဲ့ အခန်း ၇၀၀၀ ခန့်၊ ပုဂံမှာ ဟိုတယ် ၈၀ နီးပါးနဲ့ အခန်း ၁၀၀၀ ခန့်၊ မန္တလေးမြို့မှာ ဟိုတယ် ၁၂၁ လုံးနဲ့ အခန်း ၄၃၂၂ ခန်းရှိကြောင်း သိရပါတယ်။                   မြန်မာနိုင်ငံဟိုတယ်အသင်း မန္တလေးဇုန်မှ တာဝန်ရှိသူတစ်ဦးက လက်ရှိ ဟိုတယ်အရေအတွက်နဲ့ နိုင်ငံခြားခရီးသွားဧည့်ဝင်ရောက်မှုမှာ လောက်င ရုံသာရှိပြီး ရှေ့ကာလမှာ ခရီးသွားများ ယခုထက် ပိုမိုဝင်ရောက်ပါက လုံ လောက်မှု မရှိနိုင်ကြောင်း၊ ဟိုတယ်များအားပြင်ဆင်ပြီး အခန်းတိုးချဲ့ရန် ပြင်ဆင်လျက်ရှိကြောင်း ပြောပါတယ်။ ဇူးဇူး