Export အတွက် သိုလှောင်ဆန်များကို စစ်ဆေးနေ

              ထိုင်းနိုင်ငံအတွင်း ရေကြီးမှုများကြောင့် ဆန်ပြည်ပ တင်ပို့တဲ့ လုပ်ငန်းရှင်များနဲ့ ဆန်စက်ပိုင်ရှင်များဟာ ဆန်များကို နေရာ ရွှေ့ပြောင်းရေး ဆောင်ရွက်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘူမိဗေဒဆိုင်ရာ ဒုတိယဝန်ကြီးမှ သိုလှောင်ဆန်များကို စစ်ဆေးမှု ပြုဖို့နဲ့ G to G စနစ်နှင့် အလျင်အမြန်ရောင်းချကြဖို့ ညွှန်ကြား ခဲ့တယ်လို့ သိရပါတယ်။                 ထိုင်းနိုင်ငံရဲ့ ဆန်စက်များဆိုင်ရာ သမဂ္ဂအဖွဲ့ဥက္ကဌ နိုင်ချမ်း ချိုင်းရတ်ဌကာနွန်းမှ လုပ်ငန်းရှင်များနဲ့ ဆန်စက် ပိုင်ရှင်များကို ကူညီဖြေရှင်းဖို့နဲ့ နည်းလမ်းရှာဖွေဖို့အတွက် ရည်ရွယ်ပြီး နေရာဒေသအသီးသီးမှာရှိတဲ့ ဆန်စက်များ အသင်းရဲ့ ပျက်စီးဆုံးရှုံးမှုများကိုတင်ပြဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပထုံဌာနီမှာရှိတဲ့ တန်ချိန် ( ၄၀၀၀-၅၀၀၀ )အထိ ထုတ်လုပ်ပေးနိုင်တဲ့ ဆန်စက်ကြီး (၃) စက်ခန့် ဆုံးရှုံးပျက်စီး ခဲ့ပါတယ်။ ထိုင်းဆန် Export အသင်းအဖွဲ့နဲ့ ထိုင်းဆန်စက်လုပ်ငန်းရှင်များ အသင်းအဖွဲ့တို့ဟာ ရေဘေးသင့်ဒေသ အများစုမှာ တည်ရှိနေခဲ့လို့ ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး ဂမွန်းလစ်ကုမ္ပဏီ၊ C.P Intertrade၊ နနွင်းလုံဆန်ရောင်းဝယ်ရေးနှင့် ဖုံးလတ်ကုမ္ပဏီစတဲ့ အဖွဲ့များမှ နိုင်ငံခြားသားဖောက်သည်များသို့ အသုတ်လိုက် ရွှေ့ဆိုင်း အပ်နှံပေးနေရကြောင်း ပြောကြားခဲ့ပါတယ်။ C.P Intertrade  ရဲ့ သတင်းများအရ အယုဒ္ဓယခရိုင်၊ နခွန်းလုံမြို့နဲ့ ထရေးမြို့တို့မှာရှိတဲ့ ဆန်အချောကိုင် စက်ရုံနှစ်ရုံက တစ်နှစ် မှာ တန်ချိန် ၁ သန်းခန့် ထုတ်လုပ်နိုင်စွမ်းရှိတဲ့အတွက် ဆန်စပါး ကုန်ကြမ်းများကို ဆန်စက် မဟာမိတ်များ ကွန်ယက် အဖွဲ့တွေ တည်ရှိရာ ဘူဖန်ပူရီ၊ ပူရိရမ်၊ ကန်းဖန်း ဖေ့ချ်ခရိုင် များသို့ စပါးကုန်ကြမ်းတွေ ရွှေ့ပြောင်းသယ်ယူဖို့မလို တော့ ပေမဲ့ အချို့တစ်ဝက်ကိုသာ ရွှေ့ပြောင်း အပ်နှံခြင်းရှိတယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ဘူမိဆရာဖွန်းယံမှ အစိုးရ၏ ဆန်သို လှောင်မှု (Rice Stock) အားလုံးကို စစ်ဆေးရေးအဖွဲ့နဲ့ အမြန်ဆုံး စစ်ဆေးဖို့ ညွှန်ကြားခဲ့ပြီး ၎င်းင်းဆန်များကို နိုင်ငံ ရပ်ခြားသို့ တင်ပို့သွားနိုင်ဖို့ Export ကုန်သည်များအဖွဲ့ ကိုလည်း ညွှန်ကြားခဲ့ပါတယ်။                  အဲဒီလိုဆောင်ရွက်တဲ့အခါ G to G  စနစ်ဖြင့် အမြန်ဆောင် ရွက်ဖို့ဖြစ်ပြီး လေလံတင်ရောင်းချမှုမပြုခင်မှာ အခြေအနေ အရပ်ရပ်ကိုလည်း သုံးသပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ဆိုင်ရာ ဆန်စပါးမူဝါဒ ကြီးကြပ်ရေးအဖွဲ့မှ အတည်ပြု ထားတဲ့အတိုင်း ကုန်ပစ္စည်းဆိုင်ရာ ဘဏ္ဍာရေးဗဟိုအလုပ်မှု ဆောင်အဖွဲ့မှ ဆန်စပါးများကို ချိုသာတဲ့ဈေးနှုန်းနဲ့ အိတ်ဖွင့် စနစ်နဲ့ တင်ပြခြင်းပြုရန်ဖြစ်ပြီး အစိုးရရဲ့ Stock ထဲက သတ် မှတ်ဆန်တန်ချိန် (၁) သန်းကို ပြည်သူများသို့ ဈေးနှုန်း ချိုသာ စွာနဲ့ ဖြန့်ဝေပေးဖို့ လုံလောက်မှုမရှိခဲ့ပါက တန်ချိန် ထပ်မံ တိုးပြီး အတည်ပြုပေးဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။ Source:ပလယ်ချာချပ်သတင်းစာ နကသ၊MIRT