Main menu

Background

ရန်ကုန် FOB ဈေးကွက် မတ်ပဲ အရောင်းအဝယ် အသင့်အတင့်ဖြစ်

Sun, 10/30/2011 - 03:45 -- Anonymous (not verified)

                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်များမှာ မတ်ပဲ အရောင်းအဝယ် အသင့်အတင့်သာ ဖြစ်နေပါတယ်။ ဒါ့အပြင် ပိတ်ရက်များကြောင့် ယခုတစ်ပတ် အောက်တိုဘာ၂၁ ရက်မှ ၂၇ ရက်အတွင်းမှာမတ်ပဲတန်ချိန် ၄၄၀၀ ကျော်သာ ပြည်ပအရောင်းအဝယ် စာချုပ်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယဈေးကွက် တွေမှာ မတ်ပဲအသစ်များ ဝင်ရောက်နေခြင်းနဲ့ အိန္ဒိယ ရူပီးတန်ဖိုးကျဆင်းနေခြင်း တို့ကြောင့် ပြည်ပမတ်ပဲအဝယ် နှေးနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပမာဏအနည်းငယ်စီနဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဒီဇင်ဘာလလောက်မှာတော့ မြန်မာမတ်ပဲများ အဝယ်ပြန်လိုက်လာနိုင်လို့ လက်ကျန်နည်းတဲ့ မတ်ပဲဈေးပြန်ကောင်း လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲ များ ဖော်ပြ လိုက်ပါတယ်-                                                   ဒေါ်လာ/တန်                          မတ်ပဲ(FAQ)                မတ်ပဲ(SQ)၂၈-၁၀-၁၁            ၇၄၅-၇၆၅                 ၈၁၀-၈၃၀၂၁-၁၀-၁၁             ၇၅၀-၇၇၀                ၈၁၀-၈၃၀MIRT-MAPT