Main menu

Background

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တန် ၂၆၀၀ ကျော်တင်ပို့မှုရှိ

Sun, 10/30/2011 - 03:58 -- Anonymous (not verified)

                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ် ထောင်ကျော်သာရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာ တန်ချိန် ၂၆၀၀ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တို ဘာ ၂၁ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၂၉၀၀၀ ခန့်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၈၂ သန်းကျော်ရရှိပါတယ်။                  ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၆၂၀၀၀ ကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ၆၀ သန်းကျော်ရှိလို့ယခုနှစ်မှာတင်ပို့မှုပမာဏ ၁ ဆကျော်ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေအားဖြင့် ယခင်နှစ်ဈေးကို မမီတဲ့အတွက် ဝင်ငွေနည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်သွက်နေလို့ လာမယ့် သီတင်းပတ်မှာ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT-MAPT