Main menu

Background

ရန်ကုန် FOB ပဲစင်းငုံ အရောင်းအဝယ် ပမာဏ စံချိန်တင်တိုးတက်

Sun, 10/30/2011 - 03:59 -- Anonymous (not verified)

              ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ဈေးကွက်အတွင်းပဲအားလုံးထဲမှာ အရောင်း အဝယ်အသွက်ဆုံး ပဲကတော့ ယခုတစ်ပတ် ပဲစင်းငုံပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူကြား အရောင်း အဝယ်ဖြစ်မှုဟာ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၁၂၀၀၀ ကျော်တဲ့အထိ စံချိန်တင် တိုးတက်ခဲ့တာတွေ့ရပါတယ်။                   အရောင်းအဝယ်ဖြစ်တဲ့ထဲမှာ ဈေးအနိမ့်ဆုံး ရှမ်းစတွေပိုများတယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လတ်တလောရောင်းဖို့အတွက် ချက်ချင်းသင်္ဘော တင်ဖို့ ဈေးအသက်သာဆုံးပဲများ ဝယ်ယူနေခြင်းဖြစ်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယမှာလည်း လာမယ့်လတွေမှာ ပဲအသစ်ဝင်တော့မှာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်အတိုင်း အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀- ၄၈၀ နဲ့ ငုံနီ(အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ ဖြစ်ပါတယ်။ MIRT-MAPT