Main menu

Background

ပဲခွဲစက်များအဝယ်ရှိခဲ့လို့ အိန္ဒိယပဲစင်းငုံဈေးမြင့်တက်

Sun, 10/30/2011 - 04:00 -- Anonymous (not verified)

                      အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ဝယ်လိုအားရှိတာကြောင့် မြန်မာပဲစင်းငုံလီမွန်နဲ့ ကာနာတာကာပဲစင်းငုံဈေးများ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံလီမွန်နဲ့ ပြည်တွင်းကာနာတာကာ၊ မဟာရပ်ရှတရာ ပဲစင်းငုံဈေးမှာ တစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ်လာ ၆၀) ခန့်ကွာခြားမှုရှိနေပါတယ်။ လတ်တလောဝယ်လို အားကောင်းနေတာကြောင့် ပဲစင်းငုံလီမွန်ဈေး အနည်းငယ်ထပ်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဲအသစ်ထွက်လာတော့မှာဖြစ်လို့ ကာလ တိုအတွင်းမှာ ဈေးတည်ငြိမ် မယ်လို့လည်း အချို့က ခန့်မှန်းထားပါတယ်။ ဈေးကွက် များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန်                   ၂၅-၁၀-၁၁        ၂၄-၁၀-၁၁        ၂၂-၁၀-၁၁           ၂၁-၁၀-၁၁မွန်ဘိုင်း           ၆၃၃-၆၃၈           ၆၃၂                    ၆၁၂                ၆၁၄ဒေလီ               ၆၈၂-၆၈၄        ၆၈၀-၆၈၂            ၆၆၀-၆၆၂        ၆၅၇-၆၅၉ချန်နိုင်း            ၆၁၃-၆၁၈        ၆၁၂-၆၁၇            ၆၀၇-၆၁၂          ၆၀၄-၆၀၉MIRT-MAPT