Main menu

Background

ရန်ကုန် FOB ဈေးကွက် ပဲတီစိမ်းတန် တစ်ထောင်ကျော်သာ အရောင်းအဝယ်ဖြစ်

Sun, 10/30/2011 - 04:18 -- Anonymous (not verified)

               ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် (အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်)အတွင်းတန်ချိန် ၁၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ဝယ်လိုအားနည်းခြင်းဖြစ်ပြီး တရုတ်ပြည်မှာလည်း ပဲတီစိမ်းအသစ် ထွက်တော့မယ်လို့ ကုန်သည်ကြီး များက ဆိုပါတယ်။ လာမယ့်ကာလတွေမှာလည်း ပဲတီစိမ်းလက်ရှိပမာဏအတိုင်း ပုံမှန်သာ တင်ပို့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။                 ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲတီစိမ်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူတစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၉၄၀-၉၆၀ အသီးသီးနဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT-MAPT