ယခုတစ်ပတ်အစပိုင်းမှာ ပွဲတော်အတွက် အဝယ်ရှိနေတာကြောင့် ကုလားပဲ ဈေးမြင့်တက်ခဲ့ပါတယ်။ ပွဲတော်အပြီးမှာတော့ အရောင်းအဝယ်အေးနေဆဲဖြစ် တယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိုးရက ဆောင်းပဲ အထွက်ပိုမိုစေဖို့ ကုလားပဲ အတွက်အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (MSP) ကို ယခင်က တစ်တန် ရူပီး ၂၁၀၀၀ (ကန်ဒေါ်လာ ၄၂၆) ရှိခဲ့ရာမှ ၃၃ ရာခိုင်နှုန်း တိုးမြှင့်ပြီး၊ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၆၈) သတ်မှတ်ခဲ့ပါတယ်။ MSP ဈေးနှုန်းတိုးမြှင့်လိုက်တဲ့အတွက် ကာလတိုအတွင်း ဈေးနှုန်းမြင့်တက် ဖွယ်ရှိပါတယ်။ ရာဂျက်စသန် စိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၈ ရက်အထိ ကုလားပဲဟက်တာ ၂၂၈၂၀၀ စိုက်ပျိုးပြီးကြောင်းနဲ့ မဟာရပ်ရှတရာမှာ ဟက်တာ ၆၁၀၀ ဝန်းကျင်သာ စိုက်ပျိုးထားကြောင်း သိရပါ တယ်။ အဓိကပဲထုတ်လုပ်တဲ့ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့မှာ ရာသီဥတုအခြေ အနေအရ ပဲထွက်ရှိမှု ကျဆင်းဖွယ်ရှိတဲ့ သတင်းများ ထွက်ပေါ်နေပါတယ်။ အိန္ဒိယ နိုင်ငံမှ တင်သွင်းမှုဟာ လာမယ့်လများမှာ ဈေးပိုမိုကြီးမြင့်ဖွယ် ရှိလို့ ပြည်တွင်း ကုလားပဲဈေးလည်း ပိုမိုမြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ပြည် တွင်းမှာ မြေဆီလွှာ အစိုဓါတ်ကောင်းမွန်မှုကြောင့် ဆောင်းကုလားပဲနဲ့ ပဲလုံးထွက် ရှိမှုဟာ၂၀၁၁-၂၀၁၂ မှာ တိုးတက်နိုင်တဲ့အတွက် ကာလရှည်အတွင်း ဈေးနှုန်း ကျဆင်းလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ ယမင်းခင် Source: commodityonline
Background