Main menu

Background

ရာသီဥတုကို မှီတဲ့ မန်းထောပတ်သီး ဈေးကွက်

Sun, 10/30/2011 - 04:33 -- Anonymous (not verified)

                  မန္တလေးသစ်သီးဈေးကွက်ထဲကို ရှမ်းပြည်တောင်ပိုင်း အောင်ပန်း၊ ရွာငံနဲ့ ပြင်ဦး လွင်တို့ကထွက်တဲ့ ထောပတ်သီးတွေဟာ အောက်တိုဘာလဆန်းက စဝင်လာပါတယ်။ ထောပတ်သီးတွေဟာ အိတ်တွေနဲ့ဝင်တာဖြစ်ပြီး တစ်အိတ် အလုံး ၁၃၀ ဝန်းကျင်ပါတယ် လို့သိရပါတယ်။ ဝင်စက တစ်အိတ် ၁၂၀၀၀ ကျပ်ရှိပြီး၊ ယနေ့ တစ်အိတ် ၈၀၀၀ ကျပ်၊ ၉၀၀၀ ကျပ် ဈေးသာရှိတယ်။ တစ်လုံး ၁၀၀ ကျပ်အောက်သာရှိတယ်လို့ သိရပါတယ်။ ထောပတ်ဈေးကွက်က အတက်အကျမြန်တယ်။ မိုးရွာရင် ချက်ချင်းဈေးကျတယ်။ ချက်ချင်းအရောင်းအေးတယ်။ နေပူရင် ချက်ချင်းဈေးတက်ပြီး၊ ချက်ချင်း အရောင်းသွက် တယ်။ ရှမ်းပြည်ကထွက်တဲ့ ထောပတ်နဲ့ ပြင်ဦးလွင် ထောပတ်ဟာ အရွယ်တူပေမယ့် ရှမ်းသီးက အသီးကောင်း၊ အရသာကောင်းတယ်။ ထောပတ်ဟာ ဖေဖော်ဝါရီလလောက် ထိ သစ်သီးဈေးကွက်မှာရှိပေမယ့် နှစ်တိုင်းကတော့ ဒီဇင်ဘာလဆိုရင် ရှမ်းသီးက အထွက် များပြီး၊ အရသာလည်း ပိုကောင်းလာသလို ဈေးနှုန်းလည်းကောင်းလာတယ်။ အဲဒီအချိန်ဆို ထောပတ်သီးတစ်လုံး ၁၅၀ နဲ့ ၃၀၀ကြားရှိတယ်လို့ သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။ အေးအေးတင့့််