Main menu

Background

နနွင်းဝင်ရောက်မှုများလို့ ဈေးကျဆင်း

Sun, 10/30/2011 - 05:05 -- Anonymous (not verified)

                 ဒီပါဝလီပွဲတော်ပိတ်ရက် ၃ ရက်ရှိတာကြောင့် နနွင်းတောင်သူများဈေးကွက်အတွင်း အောက်တိုဘာလ ၂၄ ရက်နေ့မှာ အိတ်ပေါင်း ၁၇၀၀၀ ကျော်ထိ သယ်ဆောင်လာတဲ့အတွက် နနွင်းလက်ငင်းဈေး တစ်တန်ရူပီး ၂၀၀၀-၅၀၀၀ (ကန်ဒါ်လာ ၄၀ ဒသမ ၅၅ - ၁၀၁ ) ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်း စပ်နနွင်းမျိုးကတော့ ဝယ်ယူမှုရှိတဲ့ အတွက် တစ်တန်ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၀-၅၅ ) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ တောင်သူတွေလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ရှိနေပြီး ပိတ်ရက်အပြီးမှာ ဈေးကွက်အတွင်း ဝင်လာဖွယ်ရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှပြောကြားပါတယ်။ နနွင်းကြိုပွိုင့်ဈေးလည်း တစ်တန်ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၃၀) ကျဆင်းခဲ့တယ်လို့သိရပါတယ်။                    နိုင်ငံမြောက်ပိုင်းမှ အမှာအော်ဒါများ မရရှိတာကြောင့် နနွင်းဝင်ရောက်မှုရဲ့ ၄၅ ရာခိုင်နှုန်းခန့်သာ ရောင်းထွက်တယ်လို့ သိရပါတယ်။ ရောင်းထွက်မှုနည်းတာကြောင့် တောင်သူများ စိတ်ပျက်နေကြတယ်လို့ဆို ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်ကျော် အတွင်း နနွင်းဈေးဟာ တစ်တန်ရူပီး ၄၅၀၀၀ နဲ့ ၅၅၀၀၀ (ကန်ဒေါ်လာ ၉၁၂-၁၁၁၅) အတွင်းဈေးမှာအတက်အကျ ဖြစ်နေပြီး နောက်လမှာ ထပ်ကျဆင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။                     အကယ်လို့ နနွင်းဝင်ရာက်မှုများနေမယ်ဆိုရင် ဈေးသိသိသာသာကျနိုင်တယ်လို့ဆိုပါတယ်။ အီရော့နနွင်း ကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၃၈၉၄၀-၅၄၈၆၀(ကန်ဒေါ်လာ ၇၉၀-၁၁၁၂)ရှိနေပြီး၊ နနွင်းဥဈေးက ရူပီး ၃၅၀၉၀-၄၈၅၉၀ (ကန်ဒေါ်လာ ၇၁၁-၉၈၅) ရှှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: hindubusiness