မန္တလေးမှ လားရှိုးသို့ မီးရထားဖြင့် ရာသီကုန်များတွင် ငါးဆားနယ်များကို နေ့စဉ်ပိဿာချိန် ရာချီတင်ပို့ နေရကြောင်း သိရပါတယ်။ "ဒီလကစပြီး ကုန်လိုက်လာပြီ။ ရာသီကုန်တွေထွက်ရှိစပြုပြီဖြစ်တဲ့အတွက် ကုန်တင်ပို့မှုများနေတယ်။ ရာသီကုန်ထဲမှာ ငါးဆားနယ်နေ့စဉ်ဝင်နေတယ်။ ငါးဆားနယ် ခြင်းတစ်ခြင်းကို ကုန်ချိန် ၇၀ ဝန်းကျင်ပါ ခြင်းပေါင်း ၁၀၀ အနည်းဆုံး နေ့စဉ်ဝင်နေတာ။ ပဲမျိုးစုံ၊ သံတိုသံစ၊ အသားခြောက်၊ အုန်းသီး၊ ဂေါ်ဖီထုပ်တွေလည်း တင်ပို့ရ တယ်။ အပြန်ကုန်တွေထဲမှာ မြေဆီ၊ စက္ကူလိပ်၊ စားတော်ပဲတွေဝင်လာတယ် " ဟု ကုန်တွဲကုန်ပို့ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။ ပွင့်လင်းရာသီတွင် ရာသီကုန်များ၊ စားသောက်ကုန်များ ပုံမှန်တင်ပို့မှုရှိရာ ယခုတစ်ပတ် ငါးဆားနယ် အများဆုံး တင်ပို့မှုရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံပိဿာချိန် နှစ်သောင်းဝန်းကျင်တင်ပို့မှုရှိကြောင်း သိရပါတယ်။ မန္တလေး-လားရှိုးသို့ မီးရထားဖြင့်သာမက ကားများဖြင့်လည်း ကုန်တင်ပို့လျက်ရှိပါတယ်။ မီးရထားဖြင့် ကုန်တင်ပို့ခမှာ တစ်ပိဿာ ၁၀ ကျပ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background