ဓာတ်မြေသြဇာတန်ချိန် ကိုးရာ့ကိုးဆယ်ကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၉၉၀ ဒသမ ၅၀ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ မလေးရှားနိုင်ငံမှ သြဂဲနစ်မြေသြဇာ သုည ဒသမ ၅၀ တန်၊ ကိုရီးယားနိုင်ငံ မှ ဓာတ်မြေသြဇာ တန်ချိန် ၃၄၀၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းနဲ့ အခြားဓာတ်မြေ သြဇာ တန်ချိန် ၄၀၀နဲ့ ဘူဂေးရီးယားမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၂၅၀ အသီး သီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာက တင်သွင်းမှုမှာ တန်ချိန် ၅၉၀ ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဓာတ်မြေသြဇာ တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်လေးရာကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ဓာတ်မြေသြဇာအသွင်းရှိ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိကာလအတွင်း မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၈၈၀ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၆၄၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ရိဒ်နယ်စပ်ပေါက်နှစ်ခုမှသာ အသွင်းရှိခဲ့ပြီး ယခုအပတ်မှာ နယ်စပ်အတော်များများ က အသွင်းရှိတာတွေ့ရပါတယ်။ ဒါပေမဲ့ တန်ချိန်အားဖြင့် ၈၇၅ တန်ခန့် ယခင် အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၉၃၃၇ တန်ကျော်၊ မောင်တောမှ ၁၉၅ တန်ကျော်၊ ကော့သောင်းမှ ၆၄ တန်ကျော်နဲ့ ရိဒ်မှ ၅၁ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာများ ကတော့ Urea Compound 10:10:5 ၊ Single Super Phosphate ၊ Ammonium Sulphate ၊ T Super Phosphate ၊ Nitric Phosphate တို့ ဖြစ်ပါတယ်။ ကောင့်သောင်းမှ အမိုးနီးယား၊ မောင်တောမှ ယူရီးယား၊ ရိဒ်မှ ပိုတက်ရှ်နဲ့ ယူရီးယား တို့ တင်သွင်းကြတာဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(နေရွက်လှေ-တရုတ်) ၂၃၂၀၀ ၂၁၂၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၈၅၀၀ ၂၇၀၀၀ ပိုတက် (တရုတ်) ၂၆၀၀၀ ၂၇၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၀၄၀၀ ၂၀၀၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၁၁၀၀ ၂၀၅၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၆၀၀၀ ၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၅၀၀ ၃၇၅၀၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ၂၁၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၂၀၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၁၀၀၀ တီစူပါ-(တရုတ်) 12% ၁၀၀၀၀ ၁၁၀၀၀ တီစူပါ-(တရုတ်) 16% ၁၁၅၀၀ ၁၁၅၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၅၀၀ ၃၅၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၇၀၀၀ ၁၆၅၀၀ ပိုတက် (တရုတ်) ၂၃၀၀၀ ၂၃၅၀၀ ဓာတ်ဆား (တရုတ်) ၁၈၀၀၀ ၁၉၀၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၀၀၀ ၂၄၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)၂၄၀၀၀ ၂၄၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၅၀၀၀ ၃၅၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၀၀၀ ၃၁၀၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၂၈၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၆၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀ ၁၃၅၀၀ MIRT (MAPT)
Background