Main menu

Background

ဂျပန်ဆွဲအားကောင်းနေတဲ့နှမ်း

Sun, 10/30/2011 - 06:56 -- Anonymous (not verified)

                    ဂျပန်က အဆွဲကောင်းနေတာကြောင့် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ တစ်ပတ်ထက်တစ်ပတ် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၅၀ ထိ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာလည်း တန်ချိန် ၁၈၂၀ ခန့်ထိ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။                       တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ် တို့ဖြစ်ပါတယ်။ ပမာဏအများဆုံး တင်ပို့တဲ့နိုင်ငံကတော့ ဂျပန်ကိုပဲဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိ စုစုပေါင်း နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၈၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၃၀၀၀ ကျော်သာရှိလို့ ယခုနှစ်မှာ တန်ချိန် ၁၅၀၀၀ ကျော်ပိုမို တင်ပို့ပြီးကြောင်း သိရပါတယ်။                  ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀- ၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT