Main menu

Background

တ ရုတ်ပဲပုပ်တင်သွင်းမှု မြင့်တက်မယ

Sun, 10/30/2011 - 07:13 -- Anonymous (not verified)

                   တရုတ်နိုင်ငံရဲ့ ယခုသီးနှံရာသီ အတွင်း ပဲပုပ်တန်ချိန် ၅၆ သန်းအထိ တင်သွင်းရဖွယ်ရှိပြီး၊ ၂၀၁၀-၁၁ ခုနှစ် ထက် ၇ ရာခိုင်နှုန်း မြင့်တက်နိုင် တယ် လို့ တရုတ်နိုင်ငံတော် ကောက်ပဲသီးနှံနဲ့ ဆီ သတင်း အချက်အလက်ဌာန (CNGOIC)  မှ အောက်တိုဘာလ ၂၇ ရက်က ပြောကြားပါတယ်။ အဓိက အားဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်မှု အတွက် အဓိကဝယ်လိုအားရှိတာ ကြောင့် ယခုလို တိုးမြှင့်ခန့်မှန်းခြင်းဖြစ် ကြောင်း သိရပါတယ်။                    စက်တင်ဘာလ ၃၀ ရက်မှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ပဲပုပ်တန်ချိန် ၅၂ ဒသမ ၃၄ သန်း တင် သွင်းခဲ့လို့ ၂၀၀၉-၂၀၁၀ စံချိန်တင်မြင့် တက်မှု တင်သွင်းခဲ့တာနဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်း ပိုမိုတယ်လို့ (CNGOIC) မှ ပြောကြားပါတယ်။ အမေရိကန်နိုင်ငံ ဟာ တရုတ်ပဲပုပ်ဝယ်ယူမှုမှာ အဓိက အကျိုး အမြတ်ဆက်လက်ရယူနေဦးမှာ ဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပဲပုပ် တင်သွင်းမှုရဲ့ ၄၈ ရာခိုင်နှုန်းကို အမေ ရိကန်က တင်သွင်းနေရတာ ဖြစ်တယ် လို့ သိရပါတယ်။                    ဘရာဇီးနိုင်ငံက ပဲပုပ်တင်သွင်းမှု ဟာ တန်ချိန် ၁၈ ဒသမ ၂ သန်းကို သုည ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး၊ အာဂျင်တီးနားပဲပုပ် တင်သွင်းမှု ကတော့ ၁၀ ဒသမ ၁ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။ စက်တင်ဘာလ အတွင်းမှာ တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၄ ဒသမ ၁၃ သန်းတင်သွင်းခဲ့ပြီး၊ အောက်တိုဘာလမှာ တန်ချိန် ၄ သန်း ဝန်းကျင် တင်သွင်းရဖွယ် ရှိတယ်လို့ သိရပါ တယ်။ ယမင်းခင် Source: dowjones.com