မတ်ပဲအိတ်စပို့အဆွဲပြန်လိုက်လာလို့ ဈေးစွာ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၇၉၀၀၀ ၅၈၉၀၀၀၂ မုံရွာ ၁ ပိဿာ ၈၃၅ ၈၃၅၃ ပြည် ၁ ပိဿာ ၈၈၅ ၉၁၀၄ ဟင်္သာတ ၁ ပိဿာ ၈၈၀ ၉၀၀၅ မန္တလေး ၁ ပိဿာ ၇၈၃ ၈၀၀မတ်ပဲအိတ်စပို့အဆွဲပြန်လိုက်လာလို့ ဈေးစွာ ဘုရင့်ေနောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့အဆွဲပြန်လိုက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်တန်ကို အနိမ့်ဆုံး ၅၈၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၈၉၀၀၀ ကျပ်အတွင်း ၄၂၅၅ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယပြည်တွင်းဈေးကွက်မှာ မတ်ပဲအသစ် တွေဝင်လာတာကြောင့် ဝယ်လိုအားပျော့သွားတဲ့မတ်ပဲက ဒီတစ်ပတ် မှာ ဝယ်လိုအားပြန်လိုက်လာလို့ အခုလိုဈေးတွေတက်လာ တာလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ။် မန္တလေးဈေးကွက်မှာ မတ်ပဲ (ကုန် ကြမ်း)ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာ ပြီး တစ်ပိဿာကို ၈၀၀ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၆၀၀ မှ ၈၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ။် မုံံရွာဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်အဆွဲအေးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အား အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၃၅ ကျပ်(တစ်တန်ကို ၅၁၁၃၄၅ ကျပ်)နဲ့နေ့စဉ် အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ။် ပြည်ဈေးကွက်မှာ မတ်ပဲ ဈေးအနေန့ဲ ယခင်အပတ်ထက်စာရင် ဈေးမြင့်လာပြးီ တစ်ပိဿာ ကို ၉၁၀ ကျပ်(တစ်တန်ကို ၅၅၇၂၇၄ ကျပ်)ဈေးရှိနေတယ်လို့ သိရပါတယ်။ ပြည်မြို့အနီးတစ်ဝိုက်မှ တောင်သူနဲ့ကုန်သည်များ လာရောက် ရောင်းချနေသလို အိတ်စပို့အတွက် ဝယ်ယူနေတဲ့ရန်ကုန် ဝယ်လက် ကလဲ တစ်နေ့ကို အိတ် ၆၀၀ ခန့်အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲ ပုံမှန်ရှိသလို မြို့ခံလှောင်လက်တွေကလည်း ပုံမှန်အရောင်းရှိတာကြောင့် ယခင်အပတ်နဲစာရင် ဈေးမြင့်လာပြးီ တစ်ပိဿာကို ၉၀၀ကျပ ် (တစ် တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
