ပဲစင်းငုံနီဈေးမြောက်လာ
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၂၃၀၀၀ ၄၅၂၀၀၀၂ မန္တလေး ၁ ပိဿာ ၆၃၃ ၆၇၅၃ မုံရွာ ၁ ပိဿာ ၆၂၅ ၆၇၅၄ ပခုက္ကူ ၁ ပိဿာ ၆၃၀ ၆၇၅၅ မြင်းခြံ ၁ ပိဿာ ၆၁၀ ၆၇၀၆ အောင်လံ ၁ ပိဿာ ၆၂၅ ၆၅၅၇ မကွေး ၁ ပိဿာ ၆၁၅ ၆၅၀ပဲစင်းငုံနီဈေးမြောက်လာ ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ် လက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၃၆၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၅၂၀၀၀ ကျပ်အတွင်း တန် ၁၉၅၅ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခင်အပတ်က အိတ်စပို့အဆွဲ အေးလို့ ဈေးကျခဲ့တဲ့ ပဲစင်းငုံနီက ဒီတစ်ပတ်မှာ အိတ်စပို့အဆွဲက လည်း သွက်လာတယ်။ ရောင်းလက်တွေကလည်း တက်ဈေးမှာ အရောင်းပိုများလာလို့ အရောင်းအဝယ်ဖြစ်မှုပမာဏက ပိုများလာ တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ရောင်းလက်များ အရောင်းများလာပေမယ့် အိတ်စပို့ အတွက် ဝယ်ယူနေတဲ့ရန်ကုန်ဝယ်လက်ကတော့ အမှာရှိသလောက် သာ အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ။် ပခုက္ကူဈေးကွက် မှာ မုန်တိုင်းသက် ရောက်မှုကြောင့် ရေကြီးနေလို့ ပဲစင်းငုံနီက အရောင်းအဝယ်ထင်သလောက်မဖြစ်ခဲ့ဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ။် မကွေး မှာတော့ ပဲစင်းငုံနီကို ဒီတစ်ပတ်ရန်ကုန်အဆွဲသွက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြးီ တစ်ပိဿာက ို ၆၅၀ ကျပ(် တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မြင်းခြံ ဈေးကွက် မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲများလာသလို မြို့ခံလှောင်လက်တွေက လည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၇၀ ကျပ်(တစ်တန် ကို ၄၁၀၃၀၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် မုန်တိုင်းသက်ရောက်မှုအရှိန် ကြောင့် ရေတွေကြီးနေလို့ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ပြုလုပ် လိုတဲ့ ကုန်သည်များလာရောက်မှုနည်းသလို ပဲစင်းငုံနီလည်းဈေးသာ ရြှိပးီ အရောင်း အဝယအေးနေတယ်လို့ ဆိုပါတယ။် မုံံရွာဈေးကွက် မှာ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် အဝယ်ပြန်လိုက်လာသလို ဒေသတွင်း ကုန်သည်အချင်းချင်း ရောင်းဝယ်မှုလည်း ပိုများလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြးီ တစ်ပိဿာက ို ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်
