ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲအေးနေပြီး စက်သမားများသာ အဝယ်ရှိနေ

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ        ယခင်         ယခု           ပြောင်းလဲမှု၁ ဘုရင့်နောင်            ၁ ပိဿာ        ၁၃၀၆      ၁၃၀၀၂ မန္တလေး                 ၁ ပိဿာ         ၁၁၇၀     ၁၁၇၀၃ မုံရွာ                      ၁ ပိဿာ         ၁၁၄၂     ၁၁၅၈၄ မြင်းခြံ                   ၁ ပိဿာ         ၁၁၅၀     ၁၁၅၀၅ ရေစကြို                ၁ ပိဿာ          ၁၁၀၅     ၁၁၅၈ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲအေးနေပြီး စက်သမားများသာ အဝယ်ရှိနေ                    မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ရောင်းလက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပြီး အိတ်စပို့အတွက် ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း အဝယ်ပါးနေပေမယ့် ဒေသတွင်း ပဲခွဲစက်သမားများကတော့ စက်ကြိတ်ရန် လိုအပ်ချက်အတိုင်းသာ အဝယ်ရှိနေလို့ တစ်ပိဿာ ၁၁၇၀ ကျပ်(တစ်တန်ကို ၇၁၆၄၉၆ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ။် မြင်းခြံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး ကဈေးသာရြှိပးီ အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ။် ရေ စကြိုဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ဒေသတွင်းနဲ့ ရန်ကုန် ဝယ်လက်အချို့က တစ်ပိဿာကို ၁၁၅၈ ကျပ်(တစ်တန်ကို ၇၀၉၁၄၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်ခပ်ပါးပါးသာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက လှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ရန်ကုန်အဆွဲ လည်းအေးနေတယ်လို့ ဆိုပါတယ်။ မြို့ခံ ကုန်သည်အချင်းချင်း ရောင်းဝယ်မှုရှိလို့သာ တစ်ပိဿာကို ၁၁၅၈ ကျပ် (တစ်တန်ကို ၇၀၉၁၄၇ ကျပ်) နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။