သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လ ံ ၁ ပိဿာ ၂၀၀၀ ၁၉၅၆နှမ်းဖြူကို တရုတ်ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့ အဝင်ပုံမှန်ရှိ သလို တရုတ်အဆွဲကလည်း ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်ေ် နတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ (ခြုံကျော်စ) က တစ်ပိဿာ ၁၆၄၄ ကျပ် (တစ်တန်ကို ၁၀၀၆၇၆၉ ကျပ်) ၊ နှမ်းဖြူ(ရိုးရိုး)စက တစ်ပိဿာ ၁၅၄၀ ကျပ် (တစ်တန်ကို ၉၄၃၀၈၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မ် ှာ နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာ ၁၄၃၃ ကျပ် (တစ်တန်ကို ၈၇၇၅၅၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်-မန္တလေး ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ(ခြုံကျော်) စက တစ်ပိဿာ ၁၅၃၅ ကျပ် (တစ်တန်ကို ၉၄၀၀၁၈ ကျပ်)၊ နှမ်းဖြူ္ဒ (ရိုးရိုး)စက တစ်ပိဿာ ၁၃၃၅ ကျပ် (တစ်တန်ကို ၈၁၇၅၄၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေး ကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၉၅၆ ကျပ် (တစ်တန်ကို ၁၁၉၇၈၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၄၀၀ ကြား ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background