ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၄၂ ၇၃၇ ၂ မန္တလေး ၁ ပိဿာ ၈၀၀ ၇၆၄ ၃ ပြည် ၁ ပိဿာ ၈၄၀ ၈၁၀ ၄ မကွေး ၁ ပိဿာ ၇၆၅ ၈၁၆ ၅ မြင်းခြံ ၁ ပိဿာ ၇၅၀ ၆၇၅ ၆ ပခုက္ကူ ၁ ပိဿာ - ၈၄၂ - ၇ အောင်လံ ၁ ပိဿာ - ၈၀၀ - ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးအရ ဈေးချအဝယ်ရှိနေ မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ထိပ်စ)က ဈေးကွက်မှာ ပစ္စည်း မတွေ့ရဘဲ (လတ်စ) ကိုသာ တရုတ်ဝယ်လက်က အရည်အသွေးလို နေတာကိုအကြောင်းပြပြီး ဈေးချအဝယ်ရှိနေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၆၄ ကျပ်(တစ်တန်ကို ၄၆၇၈၆၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အောင်လ်လံဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့ အဝင်နည်းနေသလို ရန်ကုန်ဝယ်လက်ကလည်း တစ်ပိဿာကို ၈၀၀ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ရက် ကို အိတ် ၅၀ ခန့်သာ အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြင်းခြံဈေး ကွက်မှာလည်း ပဲတီစိမ်းကို မန္တလေးဝယ်လက် က အရည်အသွေးလို နေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိနေသလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ။် မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အဝယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ ပြည်ဈေးကွက်ကို ပဲတီစိမ်းအသစ်များ အောင်လံနဲ့ ဒေသတွင်းမြို့နယ်များက ဝင်ရောက် လာလို့ ပဲတီစိမ်း(ဟောင်း)က အရောင်းအဝယ်အေးသွားတယ်လို့ မြို့ခံ ကုန်သည်များက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background