Main menu

Background

ကုန်စည်ဒိုင် သုံးသပ်ချက်

Sun, 10/30/2011 - 08:50 -- Anonymous (not verified)

               မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့  ကုန်သည်များနဲ့ ဝယ်ရောင်း ကုန်သည်ကြီးများက အိန္ဒိယဈေး ကွက်မှာ မြန်မာ့မတ်ပဲဈေးမြင့်လာမှုအပေါ်အကြောင်းပြုပြီး ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတာကြောင့် ဘုရင့်နောင်၊ ပြည၊် ဟသာၤတ နဲ့ မန္တလေးမှာ ဈေးမြင့်လာပြးီ မုံရွာမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။                  ပဲတီစိမ်း (အညာ)က ို အိတ်စပို့ဝယ်လက်က ပဲထွက်ရှိတဲ့ ဒေသရဲ့ ပဲအရည်အသွေးအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု  တွေရှိတာကြောင့် မုံရွာ ၊ မန္တလေး၊ ပြည်နဲ့ မြင်းခြံမှာ  ဈေးကျနေပြးီ မကွေးမှာ ဈေးအနည်းငြယ်မင့် နေတာ တွေ့ရပါတယ်။                 ပဲစင်းငုံနီကို အိတ်စပို့အဆွဲ ပြန်သွက်လာတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးမြင့်လာကြောင်း တွေ့ရပါတယ်။                 ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် အေးသွားပေမယ့် ပြည်တွင်းခွဲစက်များ ဝယ်အား အထိုက်အလျောက်ရှိတာကြောင့် မုံရွာနဲ့ ရေစကြိုမှာ ဈေးမဆိိုသိသလောက်မြင့်နေပြးီ ဘုရင့်နောင်မှာ  ဈေးအနည်းငယ်ကျ နေကာ မြင်းခြံနှင့် မန္တလေးမှာ ဈေးတန့်နေ ကြောင်း သိရပါတယ်။                ထိုင်ဝမ် (ကုလားပဲ) ကို ရန်ကုန်ဝယ်လက်နဲ့ ပြည်တွင်းစက် သမားများ ဝယ်အားပုံမှန်ရှိတာကြောင့် မန္တလေး၊ မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ မြင်းခြံ ပြည်နဲ့ ရေစကြိုမှာ ဈေးမြင့်နေကြောင်း တွေ့ရပါတယ်။                 ပြောင်းကို တရုတ်အဆွဲ အားကောင်းနေတာကြောင့် တောင်ကြီး၊ လားရှိုး၊ မူဆယ်နဲ့ ဟင်္သာတမှာ ဈေးမြင့်နေပြီး မန္တလေးမှာ ဈေးငြိမ်နေကြောင်း သိရပါတယ်။               သိပ္ပံနှမ်းကို ရန်ကုန်အဆွဲဝယ်လက်က ဈေးချအဝယ်ရှိ နေသလို ဝယ်အားပါပျော့သွားတာကြောင့် အောင်လံ ဈေးကျ နေကြောင်း တွေ့ရပါတယ်။