အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ RSS-5 အမျိုးအစား တန် ၂၇၀၊တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၁၃၄ သန်းကို မလေးရှားနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ယခင် ရက်သတ္တပတ်ကတန် ၄၀၀ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုထက်ဝက် ကျဆင်းခဲ့ပါတယ်။ ရော်ဘာ စတင်ထွက်ရှိတဲ့ ရာသီဖြစ်ပေမယ့် ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ကျဆင်းနေဆဲဖြစ်ပြီး တင်ပို့သူများက ဈေးနှုန်းကို စောင့်ကြည့်နေခြင်းကြောင့် တင်ပို့မှုခေတ္တတန့်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ RSS-3 ၊ MSR-20 တစ်တန်ကို ကန်ဒေါ်လာ ၃၈၀၀ နဲ့ RSS-5 တစ်တန်ကို ကန်ဒေါ်လာ ၃၇၀၀ အသီးသီး ဈေးပေါက်ကြောင်း သိရပါတယ်၊ KZW
Background