အိန္ဒိယတာယာထုတ်လုပ်ရေး MRF ကုန်ကြမ်းစရိတ်တွေ မြင့်တက်မှုကြောင့် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေမှာ ရော်ဘာစိုက်ပျိုးရေးလုပ်ကိုင်လိုပြီး နိုင်ငံရပ်ခြားမှာ စက်ရုံတည်ထောင်နိုင်ဖို့ ရှာဖွေနေ ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီက တမီနာဒူးပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ရူပီးသန်း ၈၀၀၀ ရှိပြီး ၂၀၁၂ ဇန်နဝါရီ ဖေဖော်ဝါရီမှာ စိုက်ပျိုးရေးလုပ်ငန်းစတင်မှာ ဖြစ်ပါတယ်။ ဒီလိုတိုးချဲ့ဆောင်ရွက်ခြင်းကြောင့် MRF ရဲ့ နှစ်စဉ်ရောင်းချ ရနှုန်း ၁၅ ရာခိုင်နှုန်း တိုးတက်မှာဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့အပြင်ဘက်မှာ စက်ရုံတည်ထောင်လုပ် ကိုင်ဖို့ လိုအပ်နေ ကြောင်း MRF ရဲ့ဒုတိယဥက္ကဌ ကလည်းပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စိုက်ပျိုးရေးလုပ်ငန်း ၃၀ ရာခိုင်နှုန်းဆောင်ရွက်ခဲ့ပြီး ရူပီးသန်း (၁)သောင်းခန့် ရှိပြီဖြစ်ကြောင်း၊ ကုန်ကြမ်းစရိတ်တွေ တစ်ရှိန်ထိုးမြင့်တက်မှုကြောင့် ယခုဘဏ္ဍာနှစ်မှာ အခြေအနေမကောင်းနိုင်ကြောင်း ၎င်းင်းကပြောကြားခဲ့ပါတယ်။ ကုန်ကျစရိတ်လျှော့ချဖို့အတွက် နိုင်ငံရပ်ခြား ရော်ဘာ စိုက်ပျိုးမြေ ရှာဖွေရမှာဖြစ်ကြောင်း၊ ယနေ့ထိသုံးစွဲနေတဲ့ရော်ဘာက ပြည်တွင်းထွက်နဲ့ တင်သွင်းတာဖြစ်ပြီး နိုင်ငံရပ်ခြားမှာရော်ဘာစိုက်ပျိုးနိုင်ရင် မိမိတို့ အတွက် အကျိုးရှိမှာဖြစ်ကြောင်း MRF ရဲ့ဒုတိယဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရော်ဘာစိုက်ပျိုးနိုင်တဲ့နိုင်ငံ များများစားစားမရှိဘဲ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့သာ ရှိကြောင်း၊ ရော်ဘာစိုက်ပျိုးမှုမှာ နေရာသာမကကာလနဲ့အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ကြောင်းMRF တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ ပြည်တွင်းမှာ လုပ်ငန်းချဲ့ထွင်မှုအတွက် MRF က တမီနာဒူးမှာ စက်ရုံ (၈) ခုမြောက် ဆောက်လုပ်လည် ပတ်နေပြီးလုပ်ငန်း ၁၅ ရာခိုင်နှုန်း တိုးချဲ့ဆောင်ရွက်နေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ MRF ကုမ္ပဏီအနေနဲ့ တစ်နိုင်ငံလုံးမှာ စက်ရုံ (၇) ခုရှိကြောင်း သတင်းရရှိပါတယ်။ Source :Commodity online,KZW
Background