ကျောက်စိမ်းအချောထည်လေးမျိုးလက်ကောက်၊ လွှာချပ်၊ ပုတီး၊ ပါကေး များကို မူဆယ်သို့တရားဝင် တင်ပို့ရန် One Stop Service ဖြင့် မကြာမီရက် ပိုင်းအတွင်း ဆောင်ရွက်ပေးမှာဖြစ် ကြောင်း သိရပါတယ်။ ကျောက်စိမ်းအချောထည်ဈေးကွက် တွင် ပြည်တွင်းမှ ကျောက်စိမ်းလုပ်ငန်း ရှင်များအဆင်ပြေစေရန် တရုတ်နိုင်ငံ သို့ အချောထည်များတင်ပို့ရာတွင် နိုင်ငံ တော်အတွက် အကျိုးရှိစေရန်၊ လုပ်ငန်း ရှင်များ Carry ဖြင့် သယ်ဆောင်ခြင်း ကြောင့် ဆုံးရှုံးမှုများရှိ၍ ဆုံးရှုံးမှုမရှိစေ ရန်၊ နိုင်ငံတော်အတွက်ရသင့်တဲ့ အခွန် အခများရရှိစေပြီး ကျောက်စိမ်းအချော ထည်ဈေးကွက် ပိုမိုတိုးတက်စေရန်ရည် ရွယ်၍ တင်ပို့ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (မန္တလေးရုံးခွဲ) တွဲဖက်အတွင်း ရေးမှူး ဦးလှစိုးဦးက ပြောပါတယ်။ ကျောက်စိမ်းအချောထည် လေးမျိုးကို မူဆယ်သို့ တင်ပို့ရန်အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့ တွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ် လျက်ရှိကြောင်းသိရပါတယ်။ လတ်တ လောတွင် မန္တလေးမြို့ ၃၄ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး ရုံးခွဲ) တွင် ကျောက်မျက်အချောထည် စုပေါင်းစစ်ဆေးရေးစခန်း ယာယီဖွင့် လှစ်ပြီး၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရ ဌာနနဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း (မန္တလေးရုံးခွဲ) တို့မှ စစ် ဆေး ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်း (မန္တလေးရုံးခွဲ) တွဲဖက်အတွင်း ရေးမှူး ဦးလှစိုးဦးက " ကျောက်မျက်ရတနာမှာ လောလောဆယ် ကျောက် စိမ်းအချောထည် လေးမျိုး သယ်ယူပို့ ဆောင်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ သယ်ဆောင်ခွင့်လိုင်စင်လုပ်ဖို့ မန္တလေးမြို့မှာ စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရုံးခန်း တည်နေရာက ၃၅ လမ်း၊ ၆၄ လမ်း ထောင့်က ကျောက်မျက်ရုံးမှာဖွင့်လှစ် ဖို့ အဆောက်အအုံဆောက်ရမှာဖြစ်တဲ့ အတွက် လောလောဆယ် အသင်းရုံး မှာ ယာယီဖွင့်လှစ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သယ်ဆောင်ခွင့်လိုင်စင် ကို ကျောက်မျက်ရတနာလိုင်စင်ရှိပြီး အသင်းဝင်ထားတဲ့သူတွေကို အသင်း ထောက်ခံချက်နဲ့ ဆောင်ရွက်ပေးမယ်။ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှာဝင်မယ်ဆိုရင် ကုမ္ပဏီရှိမှ၊ ဆိုင်ရှိမှ မဟုတ်ပါဘူး။ ကျောက်မျက် အရောင်းအဝယ်လုပ်တဲ့သူတိုင်းအသင်း ဝင်လို့ရပါတယ်" လို့ ပြောပါတယ်။ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း(မန္တလေးရုံးခွဲ)တွင် အသင်း ဝင်လုပ်ငန်းရှင်ပေါင်းမှာ ယခင်နှစ်က ၂၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ကျောက်စိမ်းအချောထည် သယ်ယူခွင့် တွင် ပန်းပုနဲ့အပွင့်လိုင်း သယ်ယူခွင့်မပြု သေးကြောင်း သိရပါတယ်။ ပြည်တွင်းမှ ကျောက်မျက်ရတနာ များကို နယ်စပ်ဒေသ ၁၉ မြို့နယ် (မိုး မောက်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မြဝတီ မြို့နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား သုံးဆူမြို့၊ တီးတိန်မြို့နယ် ကျီခါးကျေး ရွာအုပ်စု လွယ်ဂျယ်ကျေးရွာ၊ ဝိုင်းမော် မြို့နယ် ကန်ပိုက်တီးကျေးရွာ၊ ချီဗွေ မြို့နယ် ပန်းဝါ(ခေါ်) ချန်ယင်းကူးကျေး ရွာ၊ လိုင်ဝမ်ကျေးရွာ၊ တမူးမြို့နယ်၊ နန်း ယွန်းမြို့နယ် ဝန်ဆောင်ကျေးရွာ၊ ကော့ သောင်းမြို့နယ်၊နန့်ခမ်းမြို့နယ်၊ လောက် ကိုင်မြို့၊ ချင်းရွှေဟော်မြို့၊ မူဆယ်မြို့ နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလားကျေးရွာ၊ ပန်ယန်းမြို့နယ် ပန်ဆန်းကျေးရွာ၊ ဟိုပင်မြို့နယ် နမ့်တစ်ကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ်၊ မိုင်းတုံမြို့နယ် ပုံပါ ကျင်ကျေးရွာအုပ်စု) တို့တွင် သယ်ယူ ရောင်းချခွင့်မပြုကြောင်း သိရပါတယ်။ လတ်တလောတွင် မူဆယ်မြို့နယ်မှာ ကျောက်စိမ်း အချောထည်လေးမျိုးသာ သယ်ယူရောင်းချခွင့်လိုင်စင် ထုတ်ပေး ရန် မကြာမီပြုလုပ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဇုူးဇူး
Background