Main menu

Background

မဲခေါင်ရေလွှမ်းမိုးမှုကြောင့် ဗီယက်နမ်မှာ အပျက်အစီးများ

Mon, 10/31/2011 - 05:05 -- Anonymous (not verified)

                    အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းနဲ့ တိုက်ဖုန်းမုန်တိုင်းတွေကြောင့် မိုးသည်းထန်ပြီး မဲခေါင်မြစ်မှာ ရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန် ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေလွှမ်းမိုးနေပါသေးတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ထောင်ချီပျက်စီးပြီး လူခုနှစ်သိန်းခန့်ထိခိုက်ကာ သေဆုံးသူ ၄၉ ဦးရှိခဲ့ရာ အများစုဖြစ်တဲ့ ၄၃ ဦးမှာ ကလေးတွေဖြစ်ပါတယ်။ အဆိုးဝါးဆုံးခံစားရတဲ့ ပြည်နယ်က အန်ဂျန်းပြည်နယ်ဖြစ်ပါတယ်။ အိမ် ၁၉၀၀၀ ခန့် ရေနစ်မြုပ်ခဲ့ပါတယ်။ ကျောင်းပေါင်း ၅၄ ကျောင်းရေမြုပ်လို့ ကလေး ၁၃၀၀လောက်စာသင်ပျက်ခဲ့ရပါတယ်။ မဲခေါင်ရေလွှမ်းမိုးမှုအတွင်း ကလေးငယ်သေဆုံးမှု အဆမတန်များပြားလျက်ရှိပြီး အများစုက ရေနစ် သေဆုံး ကြတာဖြစ်ပါတယ်။ ကလေးတွေရင်ဆိုင်နေတဲ့ အခြားအန္တရာယ် တွေကတော့ ရေကြီးလို့သန့်ရှင်းရေးမဆောင်ရွက်နိုင်လို့ဖြစ်တဲ့ ရောဂါတွေဖြစ်ပါတယ်။ကလေး ငယ်တွေ ကျောင်းတွေကို အမြန်ဆုံးပြန်မတက်နိုင်ရင် ရေရှည်မှာတွေ့ကြုံရမဲ့အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဉာဏ်တင်၊  Source.unicef.org ်