Main menu

Background

မြန်မာ့ ပျားရည်

Mon, 10/31/2011 - 05:08 -- Anonymous (not verified)

                     မြန်မာနိုင်ငံဟာ သဘာဝရေမြေတောတောင်တွေနဲ့ စိမ်းလန်းစွာပေါက်ရောက်နေတဲ့ အဖိုးတန် သစ်ပင်၊ ပန်းမန်တွေနဲ့ ဆေးဖက်ဝင် သစ်ပင် အမျိုးမျိုး ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ သဘာဝအလျောက် သစ်ပင်ပန်းပင်တွေရဲ့ ဝတ်ရည်တွေကို စုပ်ယူပြီး ရရှိလာတဲ့ သဘာဝပျားရည်ဟာ အလွန် ဆေးဖက်ဝင်သလို ပျားတွေကိုမွေးမြူပြီး ရရှိတဲ့မွေး မြူရေးပျားရည်ဟာလည်း သဘာဝပျားရည်ကဲ့သို့ ဆေးဖက်ဝင်ပြီး ပြည်ပနိုင်ငံတွေကလည်း နှစ်ခြိုက် စွာ ဝယ်ယူအားပေးလျက်ရှိပါတယ်။                         သဘာဝပျားရည်ကို မြန်မာပြည်အနှံ့ ဒေသ ပေါင်းစုံမှရရှိနိုင်ပြီး မွေးမြူရေးပျားရည်ကို စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေး တိုင်းဒေသကြီးတို့မှာ အများအပြား ရရှိနိုင်ပြီး နေကြာပန်းတွေလိုမျိုး ပန်းများပွင့်ချိန် မြန်မာပြည် အနှံ့ ရရှိနိုင်ပါတယ်။                          ပျားရည်ကို ကချင်ပြည်နယ်မှ ထွက်တဲ့ ရှဉ့် မတက်ဥနဲ့ အချိုးကျရောစပ်ပြီး ရှဉ့်မတက်ပျားရည် ဆိုပြီး အားဆေးအဖြစ်သောက်သုံးကြသလို ကြက် သွန်ဖြူတစ်လုံးနဲ့ ပျားရည်ကိုလည်း ဆေးအဖြစ် ဖော်စပ်ကာ ဥတစ်လုံး ပျားရည်ဆေးဝါးအဖြစ် သုံးဆောင်ကြပါတယ်။ ကြက်သွန်ဖြူပျားရည်စားသုံး ခြင်းနဲ့ သွေးတွင်းရှိ ကိုလက်စထရောတွေ လျော့ ကျစေသကဲ့သို့ နှလုံးကျန်းမာရေးအတွက် စားသုံးကြကြောင်း သိရှိရပါတယ်။                         ပျားရည်မှာ ဓာတ်တိုးပစ္စည်းပါဝင်မှုတွေ များ တာကြောင့် ခုခံအားစနစ်ကို မြင့်တက်စေတဲ့အပြင် ဘက်တီးရီးယားနဲ့ ရောင်ရမ်းမှုကို တွန်းလှန်စေနိုင် ပြီး ဝေဒနာတွေ သက်သာစေနိုင်သလို သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးကြောင်း လေ့လာသိရှိရပါတယ်။ နေ့စဉ်ပျားရည်ထမင်းစား ဇွန်း တစ်ဇွန်းစားပေးပါက အစာကြေစေပြီး ဝမ်းဗိုက် ပြဿနာကင်းစေနိုင်ကြောင်းလည်း သိရှိရပါတယ်။                          ပျားရည်ကို ပြည်တွင်းမှာသာမက ပင်လယ် ရေကြောင်းမှ ပြည်ပနိုင်ငံတွေကို နှစ်စဉ်တင်ပို့မှုမှာ လေ့လာကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရှိရပါတယ်-                               တန်ဖိုး-ကန်ဒေါ်လာ                       ၂၀၀၉-၂၀၁၀        ၂၀၁၀-၂၀၁၁        ၂၀၁၁-၂၀၁၂                                                                                           (အောက်တိုဘာလအထိ)                        ၉၁၇၇၄၇ .၇၀       ၁၅၄၅၂၉၅ .၅၀       ၆၆၆၇၉၀ .၀၀                ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ ပျားလုပ်ငန်းဌာနရဲ့ ထောက်ခံချက်နဲ့ မွေးမြူရေးပျား ရည် တန်ချိန် ၁၂၀ ကို ထိုင်းနိုင်ငံကို တင်ပို့နိုင်ဖို့ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။                မွေးမြူရေးပျားရည်ကို ဂျပန်၊ ထိုင်း၊ မလေး ရှား၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံတွေကို နှစ်စဉ် တင်ပို့လျက်ရှိပြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနရဲ့ မွေးမြူရေးပျားရည်ဖြစ်ကြောင်း ထောက်ခံချက်နဲ့ တင်ပို့နိုင်ရာ အရည်အသွေး ကောင်း မွေးမြူရေးပျားရည်တွေကို ဈေးကွက်တိုး ချဲ့ပြီး တင်ပို့နိုင်ရေးအကြံပြုတင်ပြလိုက်ရပါတယ်။ နန်းထွေးထွေးမေ