တစ်နှစ်တွင် ၁၂ လ၊ ၁၂ လတွင် ၁၂ ပွဲရှိသော မြန်မာနိုင်ငံမှာ လူအများ ဆုံးစိတ်ဝင်စားတဲ့ ပွဲတစ်ခုကတော့ ရှမ်းပြည်နယ်ရဲ့ တန်ဆောင်တိုင်ပွဲတော်ဖြစ်ပါတယ်။ တောင်ကြီးမြို့မှာ နှစ်စဉ် ခြိမ့် ခြိမ့်သဲကျင်းပတဲ့ပွဲတော်ဖြစ်ပြီး ကမ္ဘာနဲ့ မြန်မာ မည်သည့်နေရာတွင်မှ မရှိတဲ့ မီးပုံးပျံပြိုင်ပွဲမှာ လူစိတ်ဝင်စားဆုံးဖြစ်ပါတယ်။ လပြည့်နေ့မတိုင်မီ တစ်ပတ် ခန့်မှာ စတင်ကျင်းပပြီး လပြည့်ကျော် တစ်ရက်နေ့မှာ ဆုပေးပွဲကျင်းပပါတယ်။ မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ် အရုပ်ဆိုပြီး ခွဲခြားပြီး လွှတ်တင်ပါတယ်။ ညမီးကြီးမှာ လူကြိုက် အများဆုံးဖြစ်ပြီး မီးရှူး၊ မီးပန်း၊ ရောင် စုံယမ်းထုတ်များကို မီးပုံးပျံအောက်မှာ ချိတ်ဆွဲ၍ စနက်တံဖြင့် ဖြုတ်ချကာ ကောင်းကင်တစ်ခုလုံးကို ရောင်စုံမီးများ နဲ့ အလှဆင်ထားခြင်းဖြစ်ပါတယ်။ ပြုလုပ်ချိန်ကို နှစ်လခန့် အချိန်ပေးရပြီး ငွေကျပ် ၂၅ သိန်းကျော် ကုန်ကျပါ တယ်။ လွှတ်တင်ရာမှာလည်း ကိုယ့်တာဝန်ကျတဲ့အပိုင်းကို မိနစ်၊ စက္ကန့် မကွာ အချိန်ကိုက် တာဝန်ကျေမှ အန္တရာယ်ကင်းပြီး အောင်မြင်စွာ လွှတ်တင်နိုင်မှာဖြစ်ပါတယ်။ စိန်နားပန်မီးပုံး ပျံမှာ ရောင်စုံမီးပုံးငယ်လေးများကို မီးပုံး ပျံရဲ့ကိုယ်ထည်ပေါ်မှာ ဖွားတော်မူခန်း၊ အောင်မြင်တော်မူခန်း စသည်ဖြင့် ကနုတ်ပန်း၊ ရွှေပန်းချီများပေါ်တွင် လှပ စွာတန်ဆာဆင်ပြီး အောက်ဘက်မှာ ရိုးရာပုံစာတမ်းများ ချိတ်ဆွဲပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အရုပ်များမှာ နေ့လွှတ် များဖြစ်ပြီး၊ ခြေ နှစ်ချောင်း၊ ခြေ လေးချောင်း၊ ဆင်၊ မြင်း စသည်ဖြင့် ပီပြင်စွာပြုလုပ်ထားသော အရုပ်များလွှတ်တင် ကြပါတယ်။ တန်ဆောင်တိုင် လပြည့်နေ့မှာကျင်းပတဲ့ မြို့လုံးကျွတ် မဟာဘုံကထိန် ပွဲမှာ မိမိတတ်နိုင်သမျှလှူဒါန်းမှု ပစ္စည်းအစုစုတို့ကို ပဒေသာပင်များပေါ်တွင် ချိတ်ဆွဲလှူဒါန်းကြပြီး၊ ပဒေသာပင်တစ် ခုလျှင် ပျမ်းမျှတန်ဖိုး ကျပ် ၂၀၀၀၀၀မှ ၅၀၀၀၀၀ အထိပါဝင်သော ပဒေသာ ပင်ပေါင်း ၃၀၀ ခန့်ကို မြို့တွင်းသို့ စီ တန်းလှည့်လည်ကာ မြို့လယ်ဓမ္မာရုံမှာ လှူဒါန်းမှုအတွက် စုပေါင်းရေစက်ချပြီး မြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်းများသို့ ခွဲဝေလှူဒါန်းကြပါတယ်။ ဒီလိုလှူဒါန်း မှုကိုကြည့်ရင် မိသားတစ်စုတွင် ဝင်ငွေ ပိုရှိချင်မှရှိမှာဖြစ်ပေမဲ့ လှူဒါန်းရာတွင် တော့ လက်မနှေးကြတတ်တဲ့ ဒေသခံ ပြည်သူတွေပဲဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းမှာ ရောင်စုံထွန်း ညှိထားတဲ့ မီးပဒေသာပြိုင်ပွဲကျင်းပကြ တတ်သည်မှာ ကောင်းကင်တစ်ခုလုံး ရောင်စုံတောက်ကာ စူဠာမုနိ စေတီ တော်ကြီးနောက်ခံနဲ့ အလွန်ပင်ကြည် ညိုဖွယ် ကောင်းလှပါတယ်။ ထို့အတူ မသိုးသင်္ကန်းရက်ပြိုင်ပွဲမှာလည်း မိမိတို့ တတ်စွမ်းသောပညာနဲ့ မမောနိုင်၊ မပန်း နိုင် ပူဇော်ရက်လုပ်သောပွဲဖြစ်ပါတယ်။ ဒါကြောင့် တန်ဆောင်တိုင်ပွဲတော် တစ်ပွဲ အောင်မြင်စွာဖြစ်မြောက်ရန် အတွက် ဒေသခံပြည်သူလူထုနဲ့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် တော်များစုပေါင်းပြီး ငွေကျပ်သိန်း ပေါင်းများစွာ အလှူပေး အကုန်အကျ ခံပြုလုပ်ရသော ပွဲတစ်ပွဲဖြစ်တာကြောင့် " တစ်မူးရလို့တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား " ဟူသောစကားဖြင့် တင် စားရလျှင် ပြည့်စုံမယ်လို့ မထင်မိပါ ကြောင်း ...။
Background
