Main menu

Background

အနီးကပ်စစ်ဆေးနေတဲ့ကြားမှ ဗီယက်နမ်ဒေါ်လာဈေးကွက် အရှိန်မြင့်နေ

Mon, 10/31/2011 - 06:18 -- Anonymous (not verified)

                        ဗီယက်နမ်မှာ ဒေါ်လာဈေးကွက်တွေမြောက်နေပြီး ဒေါ်လာဝယ်လိုအားလည်း တိုးတက်များပြားနေတဲ့ အတွက် ဒေါ်လာဈေးအပြင်ဈေးကွက်က ယခုရက်ပိုင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။နိုင်ငံတော်ဗဟိုဘဏ်က ရွှေဆိုင်တွေကို စစ်ဆေးတာကို အရှိန်မြှင့်ပြီး တရားမဝင် ဒေါ်လာရောင်းဝယ်တာကို နှိမ်နင်းဖို့ဆောင်ရွက်လာတဲ့ အတွက် လွတ်လပ်တဲ့ အပြင်ဒေါ်လာဈေးကွက် ပျောက်ကွယ်သွားလိမ့်မယ်လို့လွန်ခဲ့တဲ့ လအနည်းငယ်က လူတွေ ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့ ဒေါ်လာဈေးကွက်က ပြန်ပြီးအရှိန်တက်လာပါတယ်။ အရောင်းအဝယ် လုပ်ကြ သူတွေကဗဟိုဘဏ်ရဲ့ စစ်ဆေးမှု ကလွတ်အောင်ရောင်းရာ ဝယ်ရာမှာ ပါးပါး နပ်နပ်ရှိရပါတယ်။ နှစ်ကုန်တဲ့အထိ ဒေါ်လာဝယ်လိုအားက မြင့်နေဦးမယ်၊ ဒါပေမဲ့ ဗဟိုဘဏ် ကမျက်လုံးဒေါက်ထောက်ကြည့်နေတဲ့အတွက် အရောင်း အဝယ်သမားတွေက သတိတော့ထားရတယ်လို့ ဟိုချီမင်းမှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။                       ရွှေဆိုင်ပိုင်ရှင်ဆီကို ဒေါ်လာဝယ်ဖို့လာတဲ့လူရှိတဲ့ အခါဆိုင်ရှင်ကရောင်းမဲ့လူကို ဖုန်းဆက်ခေါ်ပြီးတွေ့ပေး လိုက်ပါတယ်။ ဒေါ်လာရောင်းမဲ့သူကဒေါ်လာပေးတယ်။ ဒေါ်လာဝယ်မဲ့သူကဒေါင်ပေးတယ်။ မျက်နှာချင်းဆိုင်တွေ့ ပေးလိုက်တာပါပဲ။ စစ်ဆေးရေးသမားတွေလာရင်တော့ ဒီကိစ္စမှာကျွန်တော်မပါဘူးလို့ပြောရုံပါပဲလို့ ဆိုင်ရှင်က ပြောပါတယ်။                          ရွှေဝယ်ရောင်းလုပ်တာထက် ဒေါ်လာရောင်းဝယ် လုပ်တာ ပိုကိုက်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည် ထားပါတယ်။ လူတစ်ယောက်ဟာ ရွှေအရောင်းအဝယ် လုပ်ရင်တစ်တီး(Tael) ကို အမြတ်ဒေါင် ၃၀၀ ၀၀၀ က ၅၀၀ ၀၀၀ ထိ ကျန်ပါတယ်။ ဒီငွေ ပမာဏနဲ့ ဒေါ်လာ အရောင်းအဝယ်လုပ်ရင် ဒေါင်တစ်သန်းအမြတ်ကျန်ပါတယ်။ ဒါကြောင့် အန္တရာယ်များပေမဲ့ ရွှေဆိုင်အတော် များများက ဒေါ်လာအရောင်းအဝယ်ကို ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ သတိတော့အများကြီးထားရပါတယ်။ တချို့ ဆိုင်တွေက စစ်ဆေးရေးမှူးတွေရောက်လာရင် အချက် ပေးဖို့ အစောင့်တွေချထားပြီး ရောင်းဝယ်ကြပါတယ်။ ယခုအခါဆိုင်တွေက အရောင်းအဝယ်လုပ်တဲ့ ပုံစံကို ပြောင်းထားပါတယ်။ ဒေါ်လာဝယ်ဖို့ဖောက်သည်တွေ လာတဲ့အခါ ပထမတစ်ယောက်ကဒေါင် ကိုယူသွားပါတယ်။ နောက် ၅ မိနစ် ၁၀ မိနစ်လောက်ကြာမှ နောက်တစ်ယောက်လာပြီး ဒေါ်လာကိုပေးပါတယ်။ တချို့ဆိုင်တွေက သူတို့ကောင်းကောင်းသိပြီး ယုံ ကြည်ရတဲ့ ဖောက်သည်တွေကိုသာဆိုင်မှာ ရောင်းပါတယ်။ ဒေါ်လာ ၁၀၀၀၀ အောက်မှာသာအရောင်းအဝယ် လုပ်ပြီး များများလိုချင်ရင်နောက်တစ်ကြိမ်ပြန်ချိန်းပါတယ်။